အပိုင်း{21}

81 6 0
                                    

မင်းကိုမောင်မောင် စိုက်ခင်းကအမြန်,ပြန်လာပြီး ကောင်လေးနေ့လည်စာအတွက် သေချာပြင်ဆင်၍ နွားလှည်းဖြင့် ချစ်ရသူရှိရာ စာသင်ကျောင်းဘက်သို့ ထွက်လာခဲ့သည်။စာသင်ကျောင်းဝန်းထဲရောက်သည်အထိ အရာအားလုံးကဘပုံမှန်အတိုင်းလယ်ပတ်နေ၏။သို့သော် ကောင်လေးရှိရာ ၄တန်းအခန်းငယ်လေးအတွင်းရောက်သည်နှင့် ပြောင်းလဲသွားတော့သည်။

ကောင်လေးက အာကာကျော်ဆိုတဲ့ အကောင်နဲ့ ပြုံးရယ်လျက်စကားပြောနေသည်မှာ သူရောက်နေတာကိုပင် သတိမထားမိချေ။မင်းကိုမောင်မောင် ဒေါသများတစ်လိပ်လိပ်ထွက်လာပြီး ကောင်လေးရှိရာသို့ ခြေလှမ်းကြဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

စဝ်ခွန်းချစ် ဆရာအာကာကျော်နဲ့စကားပြောနေတုန်း ဒေါနဲ့မောနဲ့ရောက်ချလာတဲ့အကို့ကြောင့် အနည်းငယ်လန့်သွားသည်။အကိုက မျက်တောင့်နီကြီးတွေနဲ့ ဆရာအာကာကျော့်ကိုကြည့်နေပြီး မျက်နှာမှာလည်း မည်းပုပ်နေ၏။

"ကောင်လေး!!"

၄တန်းအခန်းငယ်လေးအတွင်း အသံကဟိန်းထွက်လာသည်။အကိုက ချက်ချင်းဆိုသလို သူ့လက်ကောက်ဝတ်ကို အကြမ်းပတမ်းဆွဲကိုင်လာပြီး။

"ကျုပ်နဲ့ လိုက်ခဲ့..အခုအိမ်ပြန်မယ်!"

မင်းကိုမောင်မောင် လက်တစ်ဖက်က ငါးဆင့်ချိုင့်ကိုဆွဲကာ နောက်လက်တစ်ဖက်က ကောင်လေးလက်ကိုဆွဲ၍ အိမ်သို့ခပ်မြန်မြန်လျှောက်လာခဲ့သည်။အလာတုန်းက နွားလှည်းဖြင့်လာပေမဲ့ ယခုသူ၏အတွေးထဲတွင်တော့ သဝင်တိုမှုတစ်ခုထဲကသာ ကြီးစိုးနေ၏။ရွာလမ်းတစ်ယောက် ရွာသူရွာသားများက သူတို့ကို ကွက်ကြည့်ကွက်ကြည့်ဖြင့် ကြည့်သွားကြလေသည်။

"အကို့ ကျွန်တော့်လက်နာနေပြီ လွှတ်ပေးအုန်း"

ကောင်ဘေးပြောစကားကို မင်းကိုမောင်မောင်တစ်ယောက် လျစ်လျူရှူထားလိုက်၏။

စဝ်ခွန်းချစ် လက်ကောက်ဝတ်ကနာတာကတစ်မျိုး ဖိနပ်မပါတာကြောင့် ကျောက်ခဲများကြိတ်လို့ နာတာရတစ်မျိုးနှင့် မျက်ရည်ဥလေးများဝဲလာလေသည်။အကိုက သူဘာပြောပြော လက်ကိုလွှတ်မပေးချေ။

မောင့် ခွန်းငယ် Where stories live. Discover now