အပိုင်း{14}

107 5 0
                                    

"အတွဲချောင်းရင်း ရန်ဖြစ်တာ !!! "

"ဟေ"

သူကြီးအပါအဝင် ကျန်သူများပါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"ဒါနဲ့ နေပါအုန်း..နင်တို့က
ဘယ်အတွဲကို ချောင်းတာတုံး"

"မညားသေးအတွဲ !! "

"ဘယ်လို.."

စဝ်ခွန်းချစ်ဆီမှ ထွက်လာသောအသံပင်ဖြစ်သည်။ကျန်တဲ့သူများကတော့ ခုနကနည်းတူ ပါးစပ်အဟောင်းသား ပြန်ဖြစ်သွားကြသည်။

"ဘယ်လို မညားသေးအတွဲတုံး။
ငါ့ကို ရှင်းအောင်ပြောကြစမ်း"

"ညားတာလိုလိုနဲ့ မညားသေးတဲ့အတွဲပါ သူကြီး"

"ဟမ် ! "

ကိုကြီးမောင်မောင်ဆီက အသံကျယ်ကျယ် ထွက်လာတာကြောင့် မိုးကညှာ မျက်နှာချိုသွေးကာ ရယ်ပြလိုက်သည်။

"ရှင်းလေရှုပ်လေတော့ဖြစ်နေပြီ။သေချာပြောကြစမ်းပါ.."

"ကျုပ်တို့ကရှင်းပါတယ်တော့။သူကြီးကိုက ရှုပ်နေတာ..နော့်
မိုးကညှာရာ"

ဘေးက မိုးကညှာကို တံတောင်ဖြင့် တွတ်၍ပြောလိုက်တော့ ခေါင်းတညိမ့်ညိမ့်ဖြင့် ထောက်ခံလေသည်။

"အဲ့တာနောက်ထား နင်တို့
ချောင်းတာ ဘယ်အိမ်ကအတွဲတုံး"

"ကိုကြီးမောင်မောင်တို့အိမ်.."

"ဘာ ! "

စဝ်ခွန်းချစ်က လွဲရင်ကျန်သူများက ထိုနည်းတူ သံပြိုင်အော်လိုက်ကြသည်။

စဝ်ခွန်းချစ် တစ်ခုခုကို
မကျေနပ်စွာဖြင့်....

"ဒီမယ် ဒီမယ် ! ။ ညမတို့က
ဘာကိစ္စနဲ့ အကို့ကို ကိုကြီး
မောင်မောင်လို့ ခေါ်နေကြတာလဲ"

ကျောင်းဆရာလေး စကားကြောင့် လှနုရော မိုးကညှာပါ ကြောင်သွားကြသည်။ကိုကြီးမောင်မောင်ကို ထိုသို့ခေါ်လာတာ သူမတို့မွေးကတည်းကပင် ဖြစ်သည်။

"ဘာဖြစ်လို့လဲ ကျောင်းဆရာ
လေးရဲ့"

"ကျွန်တော် မကြိုက်ဘူး ! "

သူ့ကို ပြန်ဖြေတုန်းက တွန့်ဆုတ်နေပြီး ဟိုကောင်မလေးတွေ အရှေ့ကြမှ ပတ်ခနဲပြန်ပြောလိုက်သည့် အဖြေစကားကြောင့် ရန်ထဲတလှပ်လှပ်တုန်သွားရသည်။နောက်ပြီး...ဒီလောက်အရှက်အကြောက်ကြီးလွန်းတဲ့ ကောင်လေးက သူကြီးအပါအဝင် မောင်တိုးတို့ အရှေ့မှာပါ ပြန်ဖြေလိုက်သည့် အဖြေက သူ့ကို
(မင်းကိုမောင်မောင်) ကိုကြီးမောင်မောင်လို့ခေါ်တာ မကြိုက်ပေဘူးတဲ့လား။သူ ရင်ခုန်ရလွန်းလို့ ဒီနားမှာတင် ရင်ခုန်ရောဂါနဲ့ သတိမေ့သွားနိုင်သည်။

မောင့် ခွန်းငယ် Where stories live. Discover now