ယနေ့ကား ဗုဒ္ဓဟူးနေ့ဖြစ်၏။
ထို့ကြောင့် အငယ်လေး ကျောင်းသွားလေသည်။ဟိုမင်းကိုမောင်မောင်ဆိုတဲ့ လူကလည်း အငယ်လေးကို ကျောင်းလိုက်ပို့ရင်း စိုက်ခင်းဘက်သွားမည်ဟု ပြောသွားတာကြောင့် အိမ်တွင် သူမတစ်ယောက်ထဲ ကျန်ခဲ့၏။သူမလည်း ဘာမှလုပ်စရာမရှိတာနဲ့ ဝိုင်းထဲထွက်ထိုင်ကာ စာအုပ်ဖတ်နေလိုက်သည်။"ကိုကြီးမောင်မောင်တို့ ရှိလား
မသိဘူး"ဝိုင်းအပေါက်ဝတွင် မိန်းကလေးနှစ်ယောက်ရပ်နေ၏။ထိုထဲမှ တစ်ယောက်က မေးလာတာကြောင့် သူမပြန်ဖြေလိုက်သည်။
"အော် မရှိဘူးရှင့်..စိုက်ခင်းဘက်သွားမယ် ပြောသွားပါတယ်"
"ဟုတ်လား..ဟို ဝင်ခဲ့နော်"
"ဝင်ခဲ့ပါ ရပါတယ်"
သူမပြန်ဖြေပြီး ထိုင်နေရာကနေ
ထလိုက်သည်။ထိုမိန်းကလေးနှစ်ယောက်က သူမအနားလျှောက်လာသည်။"အမက ဘယ်သူလည်းမသိဘူး"
"အမက စဝ်ခွန်းချစ်ရဲ့အမပါ"
"အော်"
လှနုအရှေ့က အမကိုပြန်ဖြေပြီး ဘေးကိုကြည့်မိတော့ မိုးကညှာတစ်ယောက် ကြောင်စီစီဖြင့် ရပ်နေလေသည်။
"ဟဲ့မိုးကညှာ! ဟဲ့ အော်..သေများသွားပြီလားမသိပါဘူး"
မိုးကညှာ လှနုနဲ့အတူ ကိုကြီးမောင်မောင်တို့အိမ်ကို ချောင်းဖို့ထွက်လာခဲ့သည်။ကိုကြီးမောင်မောင်တို့အိမ်ရောက်တော့ ဝိုင်းထဲတွင် အမတစ်ယောက်ထိုင်နေတာတွေ့တာကြောင့် သူမတို့လည်း ပုံးနေရာမှထွက်လာခဲ့ကြသည်။
ဝိုင်းအပေါက်ဝနားရောက်တော့
လှနုက လှမ်းအော်မေးလိုက်တာကြောင့် သူမသရက်ပင်အောက်
က အမကို ငေးကြည့်နေမိသည်။ထိုအမက နီညိုရောင်လုံချည်နဲ့အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်တို့ကို ညာဘက်ပုခုံးပေါ်သို့ ဘေးတစ်စောင်းတင်ထား၏။နဖူးနားက ခပ်တိုတိုဆံနွယ်တို့သည် ထိုအမရဲ့ ပြေပစ်သည့် နဖူးပြင်ပေါ်သို့ ဝဲကျနေသည်။သူမကြည့်နေတုန်းမှာပင် အမက ဝဲကျနေတဲ့ဆံနွယ်တို့ နားအနောက်သိို့ ညှပ်သိမ်းလိုက်သည်။
YOU ARE READING
မောင့် ခွန်းငယ်
Non-Fictionကျုပ်ခွန်းငယ်ကိုသဘောကျတယ်။ ကျုပ်ရဲ့ချစ်ရသူ အဖြစ်နေပေးပါ။ ကျုပ်ရဲ့ ခင်ပွန်းအဖြစ်နေပေးပါ။