ကိုလင်းထိန်က ရွာထိပ်ထိသူတို့ကိုလိုက်ပို့ခဲ့ပြီး ပြန်သွားချေ၏။ရွာထိပ်ကနေတစ်ဆင့် မြို့သို့သွားသည့် ကားကြုံဖြင့် စီးလာခဲ့ကြသည်။ကားက တစ်ညအိပ်လောက်တော့ကြာသည်။မနက်ရောက်တော့ မြို့ သို့ သူတို့ရောက်၏။ဦးဆုံးသွားသည့်နေကား တည်းခိုခန်းဖြစ်ပြီး မနက်ကြမှပဲ ဆိုင်ကယ်သွားဝယ်ဖို့ ဆုံးဖြတ်ထားလေသည်။
အကိုက နီးစပ်ရာတည်းခိုခန်းရှိ နှစ်ယောက်တစ်ခန်းကိုငှားလိုက်တာကြောင့် သူလည်းဘာမှမပြောတော့ပေ။သူနဲ့အကို အခန်းထဲရောက်တော့ အကိုကပစ္စည်းတွေကိုပြစ်ချကာ သူ့ဆီအပြေးတစ်ပိုင်းနှင့် ပွေ့ဖက်လာ၏။သူလည်း ရုတ်တစ်ရက်မို့ ကြောင်သွားပေမဲ့ အသိပြန်ဝင်လာပြီး အကို့ကိုပြန်ပွေ့ဖက်ပေးလိုက်သည်။
"ဟား...အခုမှပဲ အမေောပြေသွားတော့တယ်။ချစ်လိုက်တာ ကောင်လေးရာ"
ပြောရင်း သူ့ပါးတစ်ဖက်ကိုဖိကပ်နမ်းရှုံ့လိုက်တဲ့အကို့ကြောင့် သူထိုနေရာလေးကို လက်နှင့်ထိကိုင်လျက်ဖြင့် ကြောင်အနေမိသည်။
"ဖယ်အုန်း..နားချင်နေပြီ ရေချိုးလိုက်အုန်းမယ်"
သူ အကို့ကိုတွန်းဖယ်၍ ပြောလိုက်သည်။
"ချိုးမယ်လေ..အတူတူချိုးကြတာပေါ့။အခုက အခန်းထဲမှာဆိုတော့ ဘယ်သူမှလဲမြင်မှာမဟုတ်ဘူး..အဲ့တော့ ဘာမှလဲဝတ်စရာမလိုတော့ဘူး"
အကို့စကားကြောင့် မျက်လုံးလေးပြူးလျက် ပါးလေးများနီးရဲသွား၏။
"အဲ့..အဲ့လိုမချိုးရဲဘူး"
"ဘာလို့လဲ"
"အ အကိုရှိနေတာရီးကို"
"ဘာဖြစ်လဲ..ကျုပ်ရှိတာ မဒိန်းသမားရှိတာမှမဟုတ်တာ..အဲ မဟုတ်ပါဘူး"
စကားမှားသွား၍ သူ့ပါးစပ်သူလက်ဖြင့် ပိတ်လိုက်မိသည်။အရှေ့ကကောင်လေးကတော့ ခေါင်းကိုမြေကြီးထိမတက်ငုံထားပြီး ဆိတ်ဆိတ်ငြိမ်လျက်။သူ ချက်ချင်းဆိုသလို ကေောင်လေးကို ပွေးချီလိုက်ပြီး။
"တကယ်လို့ ကောင်လေးကျုပ်အရှေ့မှာ ချွတ်ရမှာရှက်နေရင် ကျုပ်ကိုယ်တိုင်ချွတ်ပေးမှာပေါ့..လာခဲ့..."
YOU ARE READING
မောင့် ခွန်းငယ်
Não Ficçãoကျုပ်ခွန်းငယ်ကိုသဘောကျတယ်။ ကျုပ်ရဲ့ချစ်ရသူ အဖြစ်နေပေးပါ။ ကျုပ်ရဲ့ ခင်ပွန်းအဖြစ်နေပေးပါ။