အပိုင်း{9}

141 7 1
                                    

ဆရာအာကာကျော် ထွက်သွား
သည့်တိုင် အကိုက နမ်းတာကို
မရက်သေးပေ။အချိန်အတော်အတန်ကြာတော့မှ နမ်းတာကိုရက်ပေးလာပြီး သူ့ခါးကိုတင်းကျပ်စွာ ဖက်တွယ်ထားသည့် လက်များကလည်း လျော့ကျသွားသည်။အကိုက သူ့ကိုတစ်ချက်မျှစိုက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။

"ကျုပ် တောင်းပန်တယ်။
အိမ်ပြန်ရအောင်"

ဟုသာပြောပြီး လှည်းမောင်းသူနေရာသွားထိုင်တာကြောင့် သူလည်း လှည်းပေါ်သို့ တက်ထိုင်လိုက်သည်။ရွာလမ်းအတိုင်း လှည်းလေးသည် တိတ်ဆိတ်စွာ တစ်ရွေ့ရွေ့သွားနေ၏။ထိုလှည်းပေါ်ရှိ ကောင်လေးနှစ်ယောက်သည်လည်း ဆိတ်ဆိတ်ငြိမ်နေကြလေသည်။

နွားလှည်းသည် တစ်ရွေ့ရွေ့သွားနေရာမှ ကန်ရေပြင်ကြီးအရှေ့တွင် ရပ်သွားလေသည်။အကိုက လှည်းပေါ်ကဆင်း၍ ကန်ရေပြင်အနားထွက်သွားတာကြောင့် သူပါလိုက်ဆင်းမိ၏။အကိုက သူ့ကိုမကြည့်ပါပဲ ကန်ရေပြင်ကိုသာကြည့်နေသည်။

"စိတ်မရှိရင်..ကျုပ် မင်းကို တခြားအမည်နာမ ပြောင်းခေါ်လို့ရမလား"

အကိုက ကန်ရေပြင်ကို ကြည့်လျက်ဆိုသည်။

"အကိုက ဘယ်လိုခေါ်ချင်
တာလဲဟင်"

အကိုက ဆက်မပြောသေးဘဲ
ကန်ရေပြင်ကိုသာ ကြည့်နေသည်။ညနေခင်းအချိန်မို့ နေရောင်ခြည်ဖျော့ဖျော့ကလေးက အကို့မျက်နှာပေါ်သို့ ဖြာကျနေ၏။အကိုက သည်လိုအချိန်မျိုးဆိုလည်း
ကြည့်လို့ကောင်းနေပြန်သည်။အကိုက သူ့မျက်လုံးထဲတွင်
ဘယ်အချိန်ကြည့်ကြည့်
ကြည့်ကောင်းနေသယောင်။
အကိုက သူ့ကိုကြည့်သည်။အတိအကျ သူ့မျက်လုံးတွေကိုပင်။

"ခွန်းငယ်"

အကိုပြောလိုက်သည့် ခွန်းငယ်
ဆိုတဲ့ အမည်နာမလေးကြောင့် သူ
ခတ္တမျှ ကြောင်အသွားရသည်။
အကိုက ထက်ပြောလာသည်။

"မင်း မှတ််မိလားတော့ ကျုပ်
မသိဘူး။ဟိုတစ်ခေါက်တုန်းက
ဒီကန်ရေပြင်ကြီး အရှေ့မှာ ကျုပ်မင်းကို ခွန်းငယ်ဆိုပြီး မှားခေါ်လိုက်မိသေးတယ်။ဘာကြောင့်လဲ တော့ ကျုပ် မသိဘူး။ကျုပ် မင်းကို အဲ့လိုခေါ်လိုက်တုန်းက ကျုပ်စိတ်ထဲမှာ...ကျုပ် မခန့်မှန်းတက်တဲ့အရာတစ်ခုက ဖျတ်ပြေးသွားသလိုပဲ။ဒါပေမဲ့ မင်းအဆင်မပြေရင် ကျုပ် မခေါ်ပါဘူး"

မောင့် ခွန်းငယ် Where stories live. Discover now