ညနေစောင်းနေပြီးဖြစ်၍ ထုံးစံအတိုင်း မန်းကျည်းပင်ကြီးအောက်တွင် လူတစ်ယောက်လာအကြိုကိုစောင့်နေတဲ့ ကောင်လေးတစ်ယောက်ရှိနေသည်။သိပ်မကြာခင်မှာပဲ ထိုကောင်လေးအရှေ့သို့ နွားလှည်းတစ်စီးက ခပ်ဖြည်းဖြည်း ရောက်လာသည်။
"အကိုကလည်း ကြာလိုက်တာ"
အကို့ကိုပြောပြီး လှည်းပေါ်သို့ ခုန်တက်လိုက်သည်။
"ကောင်လေးကို ယူပြီးရင် တင့်တောင်းတင့်တယ်ထားနိုင်အောင် အလုပ်တွေကြိုးစားနေရလို့ပါ"
စဝ်ခွန်းချစ် ခေါင်းတစ်ခါခါဖြင့် ပြုံးမိသည်။ထို့နောက် အကိုကလှည်းကို စတင်မောင်းနှင်လေသည်။
လမ်းတစ်ဝက်လောက်ရောက်တော့ အကိုကစကားစလာသည်။
"ကျုပ် ဆိုင်ကယ်ဝယ်ရင်ကောင်းမလားလို့ စဥ်းစားနေတာ"
"ဘာလို့လဲ"
"ကောင်လေး ကျုပ်ခါးကို ဖက်တာခံချင်လို့"
မင်းကိုမောင်မောင် ပြုံး၍ပြောလိုက်သည်။ကောင်လေးလည်း ပြုံးနေမည်ဆိုတာ သေချာ၏။
"ဝယ်ချင်ဝယ်လေ..အကို့သဘော"
ကောင်လေးရဲ့ အကို့သဘောဆိုတဲ့ စကားကြောင့် ရင်ထဲကုလားပွဲကျင်းပသွားသည်။
"ကောင်လေးက ကျုပ်ခါးကို ဖက်ပြီးစီးချင်တယ်ပေါ့"
"ဟာ..အကိုနော်"
အကိုက ရယ်ကာ လှည်းကိုဆက်မောင်းနေသည်။မအူပင်ကြီးတွေ အတန်းလိုက်ရှိနေတဲ့ ရွာလမ်းကလေးပေါ်တွင် တိတ်ဆိတ်ငြိမ်သက်နေတဲ့ လှည်းကလေးသည် တစ်ရွေ့ရွေ့ဖြင့် သွားနေလေသည်။လေပြေညှင်းလေး တစ်ခါတိုက်ခက်လိုက်တိုင်း မအူပင်ကြီးပေါ်ရှိ သစ်ရွက်တို့က ဝေ့ရန်းသွားသည်။
"ကောင်လေး.."
"ရှင်"
မင်းကိုမောင်မောင် ရှင်လို့ထူးလိုက်တဲ့ ကောင်လေးကြောင့် အနောက်သို့ လှည့်ကြည့်လိုက်မိသည်။ကောင်လေးက သူ့ကိုမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေပြီး။
"ဟို..ဗျာလို့ထူးရင် အကိုနမ်းမှာဆိုးလို့"
မင်းကိုမောင်မောင် မရဲတစ်ရဲလေးပြောလာတဲ့ အရှေ့ကကောင်လေးကို ဖျစ်ညစ်ချင်လာ၏။သူချက်ချင်း ကောင်လေးဘေးနား သွားထိုင်လိုက်ပြီး။
YOU ARE READING
မောင့် ခွန်းငယ်
Non-Fictionကျုပ်ခွန်းငယ်ကိုသဘောကျတယ်။ ကျုပ်ရဲ့ချစ်ရသူ အဖြစ်နေပေးပါ။ ကျုပ်ရဲ့ ခင်ပွန်းအဖြစ်နေပေးပါ။