အပိုင်း{15}

84 4 0
                                    

"အား..!! ရှက်လိုက်တာ"

မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ အိမ်အပါ်ထက်သို့ အော်ပြီးပြေးတက်သွားတဲ့ ကောင်လေးကြောင့် သူ ဘာအမှားများလုပ်မိသလဲဟုပင် တွေးလိုက်မိချေသည်။

ထိုကောင်လေးထွက်သွားမှ သူ့ကိုယ်သူ သတိထားမိသည်။နဖူးနားတစ်ဝိုက်တွင် ချွေးပေါက်ကလေးများ ဝေ့သီးနေသည်။စွပ်ကျယ်ဝတ်ထားပေမဲ့လည်း သူ၏ ရင်ဘက်တွင် ချွေးသီးပေါက်ကလေးများ တွဲခိုနေသည်။မိုးဥတုဆိုပေမဲ့လည်း ယခုလို နေ့လည်ခင်းဘက်များတွင် ပူပေသည်။ထို့ကြောင့် ဝတ်ထားတဲ့ စွပ်ကျယ်ကို ချွတ်လိုက်သည်။

ပြီးနောက် အိမ်အပေါ်ထက်ရှိ
ဟိုကောင်လေးဆီသို့ တက်လာခဲ့လိုက်သည်။သူအခန်းထဲရောက်တော့ ကုတင်ပေါ်တွင် မျက်နှာကိုခေါင်းအုံးထဲ ဖွက်ထားပြီးလှုပ်လှုပ်ရွရွဖြင့် ထိုင်နေသော ကောင်လေးကို တွေ့လိုက်သည်။

စဝ်ခွန်းချစ် ခြေသံဖွဖွကြားတာကြောင့် ခေါင်းအုံးထဲ ဖွက်ထားတဲ့ မျက်နှာကို ခွာ၍ကြည့်လိုက်သည်။သူကြည့်လိုက်တော့ အခန်းပေါက်ဝတွင် အပေါ်ပိုင်းဗလာဖြင့် ရပ်နေသည့် အကို့ကို တွေ့လိုက်ရသည်။သူ ချက်ချင်းဆိုသလို မျက်နှာကို ခေါင်းအုံးထဲ ပြန်ဖွက်ထားလိုက်မိသည်။

"အား !! ။ အကို ဘာလို့
အင်္ကျီချွတ်ထားတာလဲ"

"ပူလို့.."

သူ ပူ၍ စွပ်ကျယ်ကို ချွတ်လိုက်ခြင်းပင်။ဒါကို ဒီကောင်လေးက ခေါင်းအုံးထဲကနေ ဝူးဝူးဝါးဝါးဖြင့် ဘာတွေအော်ပြောနေမှန်း မသိပေ။

"ပြန်ဝတ် !။
အခုချက်ချင်း ပြန်ဝတ်လိုက်"

"ကျုပ် ပူလို့ အင်္ကျီချွတ်တာ
ဘာဖြစ်လို့လည်း ကောင်လေးရဲ့"

"မကြားချင်ဘူး။အခုချက်ချင်းအင်္ကျီပြန်ဝတ်ဆို ဝတ်လိုက် ! "

"ကျုပ် အင်္ကျီကို အောက်မှာ
ထားခဲ့တာ"

ဟုတ်သည်။သူ အိမ်အောက်မှာတုန်းက စွပ်ကျယ်ကိုချွတ်ပြီး
တွေ့ရာ စားပွဲခုံပေါ်တင်ခဲ့ခြင်းပင်။ထို့နောက် ကုတင်ပေါ်ထိုင်နေသည့် ကောင်လေးအနားသို့ လျှောက်သွားလိုက်သည်။

မောင့် ခွန်းငယ် Where stories live. Discover now