Chapter 44
ကျင်းရှန်ထျန်းက အလွန်အညှာအတာကင်းမဲ့သူဖြစ်သည်။ အထူးသဖြင့် သူ၏အချစ်ဆုံးသားဖြစ်သော ကျင်းတျယ်ရှန့်ကို ကာကွယ်ရမည်ဆိုပါက ပိုဆိုးသည်။
ဝိညာဉ်သားရဲကိစ္စကြောင့် ကျင်းတျယ်ရှန့်၏ စိတ်အခြေအနေကို သက်ရောက်မှုများစွာ ဖြစ်စေခဲ့ပြီး ယခင်က အပြစ်အနာအဆာကင်းမဲ့ခဲ့သော သူ၏ မြှားပစ်စွမ်းရည်က ယခုအခါတွင် အားနည်းချက်များစွာဖြင့် ပြည့်နေပြီဖြစ်သည်။ သူ နောက်တစ်ကြိမ် မြှားပစ်ချင်စိတ်ပင် မရှိတော့ပေ။
ရှန်းလျိုရှန့်က ဖရုံစေ့ကိုသာ ဆက်ဝါးနေပြီး ရှီးယန်ဂိုဏ်းမှ သားအဖကို စိတ်ဝင်စားဟန် မပြသပေ။
ဒီနေရာက ဓားဂိုဏ်းလေ သူတို့တွေ လူမြင်ကွင်းမှာတော့ ပြဿနာ မရှာရဲလောက်ပါဘူး...သူက အလောတကြီးဖြင့် ဆက်ပြောလိုက်သည်။
" အရှက်မဲ့ရှန်းအကြောင်းတွေ ထပ်ပြောပြပါဦး ငါအဲဒါတွေ နားထောင်ချင်သေးတယ်..."ယဲ့ရှစ်က သူ့ကို ကြိမ်ဖန်များစွာကြည့်လိုက်ပြီးနောက် လည်ချောင်းရှင်းကာ ဇာတ်လမ်းကို ဆက်ပြောပြနေလိုက်သည်။
.....
နေ့လည်ခင်းအချိန်တွင် တာအိုပညာရှင်ကျန့်ကျန်းက သူ ကျင့်ကြံရာလှိုဏ်ဂူထဲမှ ဟောပြောစင်တွင် လူငယ်မျိုးဆက်များကို လမ်းညွှန်ဟောပြောမှုများ ပြုလုပ်လေ့ရှိသည်။ ဂိုဏ်းများစွာမှ ထိပ်တန်းတပည့်သုံးယောက်ကို တက်ရောက်ရန်လည်း ဖိတ်ခေါ်ထားသည်။
ရှန်းလျိုရှန့်က ထိုနေရာသို့မသွားဘဲ သစ်ပင်ကြီးတစ်ပင်အောက်တွင် တစ်ယောက်တည်းထိုင်နေကာ သူ့လက်ကောက်ဝတ်မှ ဝိညာဉ်ချည်နှောင်ကြိုးကို ဆွဲဆိတ်ကြည့်နေသည်။ သူ၏ ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်ပြီး အရောင်တလက်လက်တောက်လာသည့် စာလုံးများကိုကြည့်ကာ မျက်ခုံးများ တွန့်ချိုးလိုက်သည်။
ထိုစာလုံးအများစုကို သူ သဘောပေါက်လာပြီ ဖြစ်သော်လည်း သူ နားမလည်နိုင်သည့် အပိုင်းအချို့ ရှိနေသေးသည်။
အချိန်ကြာသည်အထိ ဇဝေဇဝါဖြစ်နေပြီးနောက်တွင် ရှန်းလျိုရှန့်က ခေါင်းကုတ်လိုက်ပြီး ကျောက်စိမ်းပြားလေးကိုထုတ်ကာ သူ့လက်ချောင်းသွယ်သွယ်များဖြင့် တောက်နေမိသည်။