'17'

293 39 11
                                    

Beyond the Hidden Castle Walls - 17

နောက်ရက်မှာ ဂယူဘင်းပြောသလိုတော့ ဆရာဝန် မရောက်လာခဲ့ပါဘူး။ မတည်မငြိမ်ပြန်ဖြစ်လာတဲ့ ချွမ်းရွေ့ရဲ့ ဖယ်ရိုမုန်းတွေက သည်ကနေ့မှာ ပိုပြင်းထန်တာကြောင့် ချွမ်းရွေ့ရဲ့ တစ်ကိုယ်လုံးကလည်း အဖျားတက်နေသလို ပူခြစ်ကာ တုန်ယင်နေခဲ့သည်။ emergency pill နှင့် ဆရာဝန်ပြန်သွားခဲ့ရခြင်း။

သည်တစ်ကြိမ်မှာတော့ ချွမ်းရွေ့ဟာ လိုလိုလားလား ဂယူဘင်းကို တောင်းဆိုလာခဲ့၍သာ။ အသိစိတ်လွတ်နေ၍ မဟုတ်ပါဘဲနှင့်။ သို့ပေမဲ့ သည်တစ်ခါကတော့ ကာကွယ်မှု အပြည့်အစုံနှင့်။

တတိယမြောက်နေ့...။ 

ချွမ်းရွေ့က ဂယူဘင်း၏ လည်ပင်းကို ဓားနှင့် ထောက်ထား၏။ ပြည့်ပြည့်ဝဝကျန်းမာသွားပြီဆိုသည့် အဓိပ္ပာယ်။ 

"ကင်မ် အကြီးအကဲက ငါနဲ့ တစ်ခါလောက် အတူတူအိပ်ဖူးတာနဲ့ ငါ့ဗိုက်ထဲကို ကလေးပစ်ထည့်ချင်နေတယ်ပေါ့လေ..."

ချွမ်းရွေ့၏ ကြံ့ခိုင်မှုက Alpha တစ်ယောက်လိုမို့လို့ ဖြစ်နိုင်သည်။ ပုံမှန်ဆိုလျှင် သည်အချိန်ဟာ ကြံ့ခိုင်မှုနည်းနေသင့်သည့်အချိန်။ မဟုတ် ကြံ့ခိုင်မှု ရှိကို ရှိမနေရမည် ဖြစ်၏။ နှင်းဆီနက်သည် အမှန်တကယ်ပင် ကင်မ်မျိုးနွယ်စု၏ မဟေသီ အလောင်းအလျာ။

"နှင်းဆီနက်...တကယ်လို့များ နှင်းဆီနက်ဆီမှာ ကိုယ့်သွေးသားရှိနေခဲ့တယ်ဆိုရင် ကိုယ့်အသက်ကို နှုတ်ယူပြီး ကိုယ်ပိုင်ဆိုင်သမျှ ဒီအကြီးအကဲနေရာကိုပါ နှင်းဆီနက် ယူလိုက်ပါ..."

"ငါ ဘာလို့ နှစ်ယောက်လုံးကို မသတ်နိုင်ရမှာလဲ..."

 "ကိုယ့်သွေးသားဆိုရင်တောင် မင်းကိုယ်ထဲမှာ ကိန်းဝပ်နေမဲ့ မင်းရဲ့သွေးတစ်ဝက်ပါမဲ့ ကလေးငယ်ပါ ရှန်ချွမ်းရွေ့ မင်းအဲ့သလောက်ထိ ရက်စက်နိုင်ရလား..."

ဂယူဘင်း လည်တိုင်မှ စီးကျနေသည့် သွေးတွေက အရှေ့ကလူကို ချွမ်းရွေ့ မည်မျှလောက်ထိ သတ်ချင်နေသည်ဆိုသည့် အဓိပ္ပာယ်။

"ဒါဆိုရင် အဲ့ကလေးကရော သူ့အဖေ အိုမီဂါကို သူ့အဖေ အယ်လ်ဖာက အတင်းအကြပ် မိတ်လုပ်ပြီး အိုမီဂါရဲ့ စိတ်ဆန္ဒမပါဘဲ သူဖြစ်လာရတယ်ဆိုတာကို သူပျော်မှာလား..."

Beyond The Hidden Castle WallsWhere stories live. Discover now