Unicode>>>
"ခဗျား တကယ်မပြန်ဘူးလား"
"ကိုယ်ပြောပြီးပြီးလေ ကိုယ်လိုချင်တာရရင်ပေါ့လို့ ကိုယ်မေးတာလည်းခက်ခဲတဲ့မေးခွန်းမဟုတ်ပါဘူးကွာ အလှလေးနာမည်ပဲသိချင်ရုံပါ"
"တကယ်ကျုပ်နာမည်ပြောရင် ခဗျားပြန်မှာသေချာလား"
"ဒါပေါ့ ကိုယ်ကကတိကိုတန်ဖိုးထားတက်ပါတယ်"
"ကောင်းပြီလေ အဲ့ဆို ကျုပ်ပြောပြမယ် တစ်ခါပဲပြောပြနိုင်မယ်"
"ကပ်စီးနဲလိုက်တာ အလှလေးရာ"
"မကျေနပ်ရင်လည်း လာရာလမ်းတိုင်းဖြောင့်ဖြောင့်ပြန်လို့ရတယ်"
"Ok, ရတယ် ကိုယ်သေချာနားထောင်မယ်"
"ကျုပ်နာမည် Kim Tae Hyung"
"တော်တော်လှတဲ့နာမည်လေးပဲ လူအတိုင်းကို နာမည်လေးကပါအရမ်းလှနေတော့တာပဲ လှပြီးရင်းလှနေတာ"
"အပိုတွေပြောနေတာရပ်ပြီး ကျုပ်နာမည်သိရပြီဆိုတော့ ပြန်တော့"
"နှင်လိုက်တာကွာ ကိုယ်ရင်ဘတ်ထဲကနာသွားပြီ"
"အဲ့ဆို ပြန်တဲ့လမ်းမှာ ဆေးခန်းရှိရင်ဝင်ပြသွားလိုက်ပါ သက်သာတဲ့အထိဆေးသေချာလေးကုပေါ့ ပြန်လို့ရပြီလား"
"ကိုယ်ကဆေးခန်းမသွားချင်ဘူး အလှလေးစီပဲလာချင်တာ"
"ခဗျားအားနေပေမဲ့ ကျုပ်ကအလုပ်ရှိတယ်"
"ကိုယ်က အလှလေးတွက် အားအောင်လုပ်ထားတာဆိုရင်ရော ယုံပေးမလား"
"မသိချင်ဘူး ခဗျားပြန်မလား ကျုပ်ရိုက်ထုတ်ရမှာလား"
"ဟား ရိုက်တော့မထုတ်ပါနဲ့ဗျာ အလှလေးလက်တွေနာကျင်သွားပါ့မယ် ကိုယ်ဘာသာပြန်ပါ့မယ် နောက်လည်းကိုယ်လာမှာနော် မလာနဲ့မပြောနဲ့ ကိုယ်ကရအောင်ကိုလာမှာ"
"မပြောတော့ဘူး လာချင်လာမလာချင်နေ ပြန်တော့"
"ဟုတ်ပါပြီဗျာ ဒီလူပြန်ပါ့အုံးမယ်ဗျာ့"
"ကြွ ကြွ ပြန်စေချင်နေတာကြာပြီ စကားကိုများတယ် ဘယ်လိုလူမှန်းမသိဘူး"
"ကိုယ်ကနဂိုဆိုတည်ငြိမ်တယ် အလှလေးရှေ့မှ တည်ငြိမ်လို့မရတော့အောင် ဒီရင်ထဲကအကောင်က တဒုတ်ဒုတ်ခုန်လာတာ အလှလေးမသိဘူးမလား"
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
FanfictionTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...