Love me {part 37}

236 22 0
                                    

Unicode.......

"Boss"

"ဘာသတင်းရခဲ့လည်း တွေ့ခဲ့လား taeကို"

"မတွေ့ခဲ့ပါဘူး boss"

"တောက်! မင်းတို့တွေသုံးစားလို့ကိုမရဘူး"

"Boss အကိုလေးက bossအိပ်ပျော်သွားတဲ့အချိန်မှာအိမ်ကထွက်သွားတာပါ ဒီမှာ cctvမှတ်တမ်း"

"ဘာလို့ အကြောင်းပြချက်မရှိ အိမ်ကထွက်သွားရတာလဲ ပြီးတော့ တစ်ယောက်တည်းလည်းမဟုတ်ဘူး ခလေးနဲ့ taeမင်းဘာတွေလုပ်နေတာလဲကွာ"

Jkလည်း ဆိုဖာပေါ်ထိုင်ချပြီး ရင်ဘတ်ထဲကအပူတွေက ငြိမ်းလို့မရအောင်ပင် ပူလောင်လွန်းနေခဲ့သည်။

"Boss ကျွန်တော်ပြောစရာရှိပါတယ်"

"ဘာကိစ္စလည်း အခုပြသနာနဲ့သက်ဆိုင်လား"

"ဟုတ် ဆိုင်မယ်လို့ထင်ပါတယ်"

"အဲ့ဆို မြန်မြန်ပြော"

"မနေ့က အိမ်ကိုအမျိုးသမီးတစ်ယောက်လာတယ် သူမက အကိုလေးနဲ့တွေ့ချင်တယ်ဆိုလို့ ကျွန်တော်အကိုလေးကိုအပေါ်ထပ်တက်ခေါ်ပေးလိုက်သေးတယ်"

"အင်း နောက်တော့ရော"

"အကိုလေးနဲ့ အဲ့အမျိုးသမီး စကားတွေပြောကျရင်း အကိုလေးငိုတာကိုလည်းကျွန်တော်မြင်လိုက်တယ် ပြီးတော့ အဲ့မိန်းမကဖုန်းထဲကတစ်ခုခုပြပြီး အကိုလေးအလုပ်အိတ်ထဲမှာဆိုလား ကွာရှင်းစာချုပ်ရှိတယ်လို့လည်းကျွန်တော်သေချာကြားလိုက်တယ်"

"ငါ့အလုပ်အိတ်ထဲက သေချာလား"

"ဟုတ် ကျွန်တော်သေချာကြားလိုက်တာ ပြီးတော့ bossက သူနဲ့ပြန်အဆင်ပြေနေပြီတဲ့ အကိုလေးကို မကြာခင်ထွက်သွားရမှာတဲ့ မပြန်ခင်လည်းအဲ့လိုပြောသွားသေးတယ်"

"တောက်! အဲ့မိန်းမရုပ်ကိုမှတ်မိလား"

"ဟုတ်ကဲ့ မှတ်မိပါတယ် boss"

"Saw ငါ့အခန်းထဲက ဟိုသေတ္တာနဲ့ ငါအလုပ်အိတ်သွားယူခဲ့"

"ဟုတ်ကဲ့ boss"

Sawလည်း အပေါ်ထပ်ပြေးတက်သွားပြီး bossတို့အခန်းထဲက သေတ္တာနဲ့ bossအလုပ်ယူတဲ့အိတ်ကိုယူခဲ့သည်။

𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}Where stories live. Discover now