Unicode>>>
1လခန့်အကြာ.....
"ဘာလိုလိုနဲ့ အခုဆို အချိန်ကုန်တာမြန်တယ်ပဲပြောရမလား အချိန်တရွေ့ရွေ့ပြောင်းသွားခဲ့တာ အခုဆို 1လတောင်ကျော်ခဲ့ပြီပင်"
ကြားထဲ jkရဲ့ဂရုစိုက်မှုနဲ့ လစ်ရင်လစ်သလို အသားယူတာတွေကို တဖြည်းဖြည်းကျင့်သားရလာခဲ့သည်။
အချိန်အားဖြင့် 1လ ကျော်တောင်ရှိခဲ့ပြီမို့ အခုဆို jkနဲ့လည်းအရင်လိုစိမ်းသက်သက်မဟုတ်ပဲ အကျွမ်းတဝင်ရှိလာသလို အိမ်မှာမနေပဲအလုပ်ချိန်သာလာလုပ်ကျတဲ့ အလုပ်သမားတွေနဲ့လည်း တော်တော်လေးရင်းနှီးနေပြီပင်။
"Tae...Tae ..taeရေ"
"Tae! ဘာတွေစဉ်းစားနေတာလဲ"
"ဟင်....အော်...ဘာမှမဟုတ်ပါဘူး"
"လန့်သွားတာလား ဒီရုပ်လေးက ဟုတ်လား"
"Jeonကလည်းဖယ်ပါ taeမနေတက်ပါဘူးဆို အလုပ်သမားတွေမြင်ကုန်လိမ့်မယ်"
ဒါကတော့ သူတို့ကြားက အဆင့်တက်လာတဲ့ အခေါ်အဝေါ်လေးပေါ့ jeonလို့ခေါ်ဖို့ကို taeတော်တော်ကျင့်ခဲ့ရသည်။
ဘာလို့ဆို မှားခေါ်တိုင်း လူလစ်ရင်လစ်သလိုလို ပါးဆွဲနမ်းတဲ့သူကြောင့် Tae ထိုစကားလုံးကို ပါးစပ်ကနေအကြိမ်ကြိမ်ရွတ်ပြီးကျင့်ခဲ့ရသည်။
သူထင်ခဲ့တာ ထိုနာမည်ကို ပြောင်းခေါ်နိုင်ရင် အနမ်းကလွတ်မယ်လို့ထင်ခဲ့ပေမဲ့ တကယ်တမ်း ပြောင်းခေါ်နိုင်တော့ အမှားမလုပ်တာတောင်မှားတယ်လုပ်ပြီး ဆွဲနမ်းလေ့ရှိသည်။
အဲ့တော့မှာ သိခဲ့ရတာ နာမည်မှားခေါ်လို့နမ်းတာမဟုတ်ပဲ သူနမ်းချင်လို့ နာမည်ခေါ်မှားတာကို အပြစ်ဆိုပြီး လူကို အချိန်တိုင်း အပြစ်ပေးလေ့ရှိသည်။ ပြန်ပြောရင်လည်း ကိုယ့်ခေါ်ခိုင်းတဲ့နာမည်မခေါ်လို့အပြစ်ဖြစ်တယ်ဆိုကာ ပြန်ပြောလေ့ရှိသည်။
"အခုလည်းကြည့် လာနမ်းနေပြန်ပြီး"
"ဘာဖြစ်လို့လဲ အိမ်ရှေ့ကြီးမှာသူများတွေမြင်ရင်မသင့်တော်ဘူးလို့ jeon"
"ကိုယ်တွက်သင့်တော်ဖို့ပဲလိုတယ် ကျန်တဲ့သူဂရု
မစိုက်ဘူး ပြီးတော့ အခုနမ်းတာက ကိုယ်ခေါ်တာတန်းမထူးလို့"
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
Fiksi PenggemarTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...