Love Me {part 17}

582 26 0
                                    

Unicode>>>>

မနက်မိုးလင်း‌ပေမဲ့ အရင်လိုလာနှိုးသံမကြားကြောင့် မဖွင့်ချင်သေးတဲ့မျက်လုံးကိုအတင်းဖွင့်ကာထလိုက်သည်။

ညကတော်တော်လေးအိပ်ပျော်ပြီးမှ ပြန်နိုးတဲ့အချိန် taeစီအကြည့်ရောက်မိတော့ အခုထိသူ့ခန္ဓာကိုယ်မှာကွေးကွေးလေးအိပ်နေသေးတဲ့taeကိုဘေးသေချာနေရာချပြီးသန့်ရှင်းရေးထလုပ်ပေးခဲ့တာကြောင့် ညကတော်တော်လေးကြာမှပြန်အိပ်မိသည်။

အခုမနက်နိုးလို့နာရီကြည့်မိတော့ 7:30 တိတိကို ညွှန်းပြနေပြီးအရင်ဆို 7နာရီ ဆိုတာနဲ့မရမကနှိုးတက်တဲ့taeက အခုတော့ညကသူကြမ်းထားမိတာကြောင့် စောင်ထဲမှာကွေးကွေးလေးအိပ်မောကျနေသေးသည်။

"Tae အချစ်"

"အင်းးးးး"

"အချစ် မောင့်အချစ်လေးရေ"

"အင်းးး ပြောလေမောင်ကလဲ taeမထချင်သေးဘူး ကွေးချင်သေးတယ် ဒီနေ့ မောင်ဘာသာထပြီးအလုပ်သွားဖို့ပြင်လိုက်နော် မနက်စာတော့ kimchi သိပ်ထားတယ်အဲ့တာနဲ့ထမင်းရောကြော်ပြီးစားသွားလိုက်နော် အချစ်ပြန်အိပ်လိုက်ဦးမယ်"

သူပြောချင်တာပြောပြီးပြန်အိပ်ဖို့ပြင်နေတဲ့ taeကိုကြည့်ကာ jkပြုံးလိုက်မိသည်။ ထို့ကြောင့် အိပ်ချင်နေတဲ့သူကို မနက်စောစောဆူသံကြားရအောင်စဖို့ပြင်လိုက်သည်။

"အချစ်ကလည်း မောင်ကအချစ်ရွေးပေးတဲ့အဝတ်အစားပဲဝတ်တက်တာသိတယ်သားနဲ့"

Jkစကားဆိုလိုက်တာနဲ့ စောင်ပုံထဲကနေထလာပြီး မျက်စောင်းထိုးကြည့်ကာနှုတ်ခမ်းလေးကရှေ့သို့ဆူထော်လာတော့သည်။

"ဘာဖြစ်တယ် ပြန်ပြောပါအုံး"

"မောင်ကအချစ်ရွေးပေးတာပဲဝတ်တက်တာလို့"

"Jeon Jung Kook!"

သူနာမည်ကိုတစ်လုံးချင်းထုတ်ခေါ်လာကတည်းက သူ့အချစ်ဘယ်လောက်စိတ်တိုနေတယ်ဆိုတာသိသာသည်။ အချစ်စိတ်တိုဒေါသထွက်ရင်လည်းမျက်နှာလေးကအလိုလိုနီစုတ်စုတ်လေးဖြစ်သွားတက်သည်။

"ဗျာ;  မောင့်အချစ် မောင်ဒီမှာရှိပါတယ်"

"ခဗျားကြီးအလုပ်မသွားခင်နားရွက်ပျက်ချင်နေတာလား စိတ်တိုအောင်လာလုပ်နေတယ် အခု ခဗျားကြီးကျုပ်ရွေးပေးတာဝတ်ချင်ရအောင် ကျုပ်လမ်းလျှောက်နိုင်တယ်ထင်နေလား လူယုတ်မာစားပြီးနားမလည်ကြီးရဲ့ ဟင့်ဟင့် သူများကိုလုပ်တုန်းကလုပ်ပြီးတော့ ဟင့်ဟင့်"

𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}Where stories live. Discover now