Unicode...
ရက်သတ်တပတ်ခန့်ကြာသွားသည်နှင့် jkမျှော်လင့်ထားတဲ့ wedding ပွဲလေးဟာရောက်လာခဲ့ပြီပင်။
Wedding day......
ဒေါက်...ဒေါက်
"မောင်လား"
"ဟုတ်တယ် အချစ်အဆင်ပြေရဲ့လား"
"ပြေပါတယ် မောင်ဝင်လာခဲ့လေ"
"ဟင့်အင် ပွဲခမ်းမထဲရောက်မှကြည့်မယ်
မောင့်အချစ်ကို ခဏနေပွဲစတော့မယ် မြန်မြန်လုပ်နော်""ဟုတ် မောင်"
Jkလည်းထိုသို့ပြောပြီး ခမ်းမထဲသွားကာပွဲစချိန်ကိုစောင့်နေရင်း သူဧည့်သည်တွေနဲ့စကားလက်ဆုံကြနေတော့သည်။
မင်ဂလာချိန်ရောက်ရှိပြီမလို့ သတို့သားစင်ပေါ်ကိုကြွခဲ့ပါ....
"Mr.jeonရေ စင်ပေါ်တက်ဖို့ခေါ်နေပြီ"
"သွားလိုက်ဦးမယ်ဗျာ"
"ဟုတ်ပါပြီ,ဟားဟား"
Jkလည်း သူ့ပါတနာတွေကိုနှုတ်ဆက်ပြီးစင်ပေါ်တက်ခဲ့သည်။
"နောက်ထပ်သတို့သားလေးလည်း ပြင်ဆင်ပြီးရင် စင်ပေါ်ကိုကြွခဲ့ပေးပါ"
ထိုစကားအဆုံး ပါဝါစအရှည်ကိုခေါင်းပေါ်အုပ်ကာ စင်ထိပ်ဖျားမှာမတ်တပ်ရပ်နေတဲ့ Tae...
Jkတစ်ယောက် ပါဝါအုပ်ထားတာတောင် အလှလေးလို့တင်စားရသည်အထိလှနေတဲ့ သူ့အချစ်လေးကိုကြည့်ရင်းမျက်ရည်တွေဝဲနေမိသည်။
"သတို့သားလေးက ဒီကမတ်တပ်ရပ်နေတဲ့အမျိုးသားစီတစ်လှမ်းချင်းလှမ်းလာပေးပါ"
ထို့စကားအဆုံး ဒီဇိုင်နာမမကလက်ကိုတွဲလာတာကြောင့် ပါဝါအောက်ကနေပြုံးရင် မမလက်ကိုတွဲကာ မောင်ရှိတဲ့နေရာစီလျှောက်လှမ်းခဲ့သည်။
"သတို့သားလေးမျက်နှာပေါ်ကခြုံပါဝါကို ဖြည်းဖြည်းလေးလှမ်းတင်ပေးပါ"
Jkလည်းဖာသာစကားအဆုံး ပျော်လွန်းလို့တုန်နေတဲ့လက်တွေကိုခါရင်း taeမျက်နှာပေါ်မှာအုပ်ထားတဲ့ ပါဝါစအဖြူလေးကိုလှန်တင်လိုက်သည်။
ပါဝါလေးလှန်လိုက်သည်နှင့် ပေါ်လာတဲ့လေးထောင့်ဆန်ဆန်အပြုံးလှလှလေးနဲ့မျက်နှာလေးကိုကြည့်ကာ jkတစ်ယောက်မျက်ရည်တွေဝဲတဲ့ကြားကပြုံးမိသည်။
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
FanfictionTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...