Unicorn....
"အင်း ဟင့် မောင် မောင် ထပါဦး"
နေ့ခင်းဘက်တရေးတမောအိပ်တုန်း ဗိုက်ကရုတ်
တရတ်အရမ်းနာလာပြီ ဗိုက်ထဲကလည်းမွေးချင်လို့အတင်းတွန်းကန်နေသလိုခံစားရတာကြောင့် taeနိုးလာခဲ့သည်။နိုးသည်နှင့် သူ့ဘေးမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ မောင့်ကိုမနှိုးချင်ပေမဲ့ ဗိုက်ကအရမ်းနာလာတာကြောင့် နိုးမှရတော့မည်။
"မောင် ထပါဦး taeဗိုက်နာလို့"
"အင်း tae ဗိုက်နာတယ် ဟုတ်လား"
"အင်း မွေးချင်နေပြီထင်တယ် အထဲကအရမ်းကန်နေတယ် taeနာတယ် မောင်"
"အင်း မောင်တို့ဆေးရုံသွားမယ်နော် ခဏသည်းခံ
ပေးနော်"Jkလည်း taeကိုပွေ့ချီပြီး အောက်ထပ်ကိုအမြန်ဆင်းကာ Sawကိုကားမောင်းစေပြီး ဆေးရုံအမြန်သွားရတော့သည်။
ဆေးရုံစီထွက်မလာခင် အိမ်ကကြီးကြီးကို လိုအပ် လောက်မဲ့ပစ္စည်းတွေယူပြီး ဆေးရုံလိုက်ခဲ့ရန်မှာခဲ့သည်။
"မောင် မရောက်သေးဘူးလား taeအရမ်းနာနေပြီ"
"Saw မြန်မြန်မောင်းပါ"
Sawလည်း အရှိန်အမြင့်နှုန်းဖြင့် မီးပွိုင့်တွေလည်းဖျက်ကာ ဆေးရုံအမြန်ရောက်အောင်မောင်းရတော့သည်။
ဆေးရုံရောက်သည်နှင့် taeကိုပွေ့ချီပြီး တွန်းလှည်းပေါ်တင်ကာ မွေးခန်းနာထိ လက်ကိုကိုင်လျက်လိုက်သွားခဲ့သည်။
"ဆရာ အပြင်မှာစောင့်နေပေးပါ"
"အထဲလိုက်လို့မရဘူး ငါစိတ်မချဘူး"
"လိုက်လို့မရလို့ပါ ဆရာရယ်"
"Boss လာပါ အပြင်ကပဲစောင့်ရအောင် တော်ကြာခွဲချိန်ကြာနေရင် အကိုလေးတစ်ခုခုဖြစ်လိမ့်မယ်"
Jkလည်း Sawအပြောကြောင့် အခန်းပြင်ကနေပဲစိုးရိမ်စိတ်တွေနဲ့ ထိုင်စောင့်ရတော့သည်။
အချိန်တွေ တစ်နာရီပြီးတစ်နာရီကုန်လွန်သွားသည်နှင့် ခွဲခန်းထဲကနေထွက်လာတဲ့ ခလေးငိုသံသဲ့သဲ့လေး...
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
FanfictionTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...