Unicode>>>>
Jkလည်း meeting ကိုနောက်ဆုတ်ပြီး သူ့အချစ်လေးစီအမြန်ပြန်ခဲ့သည်။
15 minutes later........
"အချစ်လေး မောင့်အချစ်လေးရေ မောင်ပြန်ရောက်ပါပြီဗျ"
"မောင် ဗိုက်ဆာနေပြီလား အချစ်အရန်သင့်ပြင်ထားတယ် ထိုင်ရုံပဲ"
"ဘာချက်ထားလဲ မောင့်အသဲလေး"
"မောင့်ကိုထမင်းဘူးမထည့်ပေးရတော့စိတ်ထဲတမျိုးကြီးမလို့ ထနိုင်တာနဲ့ချက်လိုက်ပင်မဲ့ အချစ်သိပ်ကြာကြာလည်းမရပ်နိုင်တော့ အရင်လိုသုံးလေးမျိုးတော့မချက်နိုင်ဘူးမောင်ရယ် အဆင်ပြေတယ်မလား"
"မောင့်အချစ်ရယ် ဘယ်လိုဖြစ်ဖြစ်မောင်အဆင်ပြေပါတယ်ကွာ မောင့်အချစ်ကိုမောင်ကထစေချင်တာတောင်မဟုတ်ဘူး နားတုန်းလေအေးအေးဆေးဆေး နားစေချင်တာ"
"ဟီး အခုလည်းမနက်ကတော်တော်အိပ်လိုက်ပါတယ် ပြီးတော့မောင့်ကြော်ပေးခဲ့တဲ့ kimchi ထမင်းလေးကအရမ်းစားလို့ကောင်းတာပဲ"
"မောင့်အချစ်ကြိုက်ရင် မောင်အလုပ်နားရက်ကျရင်ဟင်းပါချက်ကျွေးမယ်ဗျာ"
"တကယ်နော် မောင်"
"တကယ်ပေါ့ မောင့်အချစ်လေးကိုချက်ကျွေးမှာ
ချစ်လွန်းလို့""ဟီး ပြောလို့သာပါမောင်ရယ် နားရက်ဆိုတာမောင့်တွက်တပတ်မှရှားရှားပါးပါးလေးတစ်ရက်ရှိတာ မောင့်ကိုဟင်းချက်မခိုင်းချင်ပါဘူး"
"မောင်ကအပြင်အလုပ်တွေလုပ်ရသလို taeလည်းအိမ်အလုပ်တွေအကုန်လုပ်ရတယ်လေကွာ ကြားထဲကမောင့်ကိုပါချက်ပြုတ်ပေးရသေးတယ် မောင့်အချစ်လည်းပင်ပန်းတာပဲ မောင်ကတစ်ရက်လောက်တော့ကူညီရမှာပေါ့ အချစ်လေးကိုအနားပေးပြီး"
"ဟီး မောင်ကချစ်ဖို့ကောင်းလိုက်တာ ဒီနေ့ အချစ် ကြက်ပေါင်လေးဝယ်ပြီးသားရှိတာနဲ့ကြော်ချက်လေးချက်ထားပြီး ပုဇွန်ပေါက်စလေးတွေလည်းရှိလို့ လည်နင်ပြေဟင်းချိုလေးလုပ်ထားတယ် ပြီးတော့ မောင့်ကြိုက်မလားလို့ မုန်လာဥနီချဉ်လေးရော အချစ်လုပ်ထားတယ် စားကြည့်ပါဦးမောင်"
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
FanfictionTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...