Unicode.....
"အချစ် မောင်တို့လက်ထက်ကျမလား"
"မစောဘူးလား မောင်"
"မစောပါဘူးကွာ နောက်တောင်ကျနေပြီ"
"အချစ်ကလက်ခံနိုင်ပေမဲ့ အချစ်နဲ့လက်ထက်ရင် မောင့် အတွက်တက်လမ်းတွေပိတ်မှာ စိုးရိမ်မိတယ်မောင် ဘာလို့ဆို အချစ်တို့က လိင်တူတွေဆိုတော့"
"ဆက်မပြောနဲ့တော့ အချစ် တော်တော့!"
"အချစ်ကစိတ်ပူလို့ပါ"
"သူတို့ပြောချင်တာပြောလို့ရတယ် မောင်ဂရုမစိုက်ဘူး ပြီးတော့ မောင့်အကြောင်းတွေကသူတို့ပြောတိုင်းပြီးသွားတာမဟုတ်ဘူး ဂရုစိုက်စရာမလိုဘူး အချစ်ဂရုစိုက်ရမှာဒီလူ..ဒီကောင်တစ်ယောက်ထဲကိုကြည့်ရမှာ နားလည်လားအချစ် အဲ့ကြောင့်မဆိုင်တာတွေတွေးပူမနေနဲ့"
"အင်းပါ အချစ် မောင်ကိုပဲစိတ်ပူပြီး မောင့်ကိုပဲကြည့်မယ်"
"အဲ့ဆို မောင်တို့လက်ထက်ကျမယ်"
"အင်း...မောင့်သဘောတိုင်း အချစ်လက်ခံပါတယ်"
"ချစ်ဖို့ကောင်းလိုက်တာ မောင်ပြောထားတာကိုဘယ်တော့မှမမေ့နဲ့ လူတွေရဲ့ပါးစပ်က ကဲ့ရဲ့လည်းဖြစ်တယ်ချီးမွမ်းလည်းဖြစ်တယ် အဲ့ကြောင့် မောင့်ကိုပဲကြည့်နေပေး ဘယ်သူပြောတာကိုမှ အချစ်ဂရုစိုက်ဖို့မလိုဘူး ကြားလား"
"ဟုတ်ကဲ့"
Jkလည်း သူ့ရှေ့က ခေါင်းတညိတ်ညိတ်လုပ်ပြီး သူ့စကားကိုနားထောင်နေပါတယ်ဆိုတဲ့ ပုံစံနဲ့ အသည်းယားအောင်လုပ်ပြနေတဲ့ ချစ်မဝလေးရဲ့ ပါးဖောင်းဖောင်းလေးကိုဆွဲကာကျီစယ်မိသည်။
"အာ့ မောင်နာတယ် မဆွဲနဲ့ သရေယိုလိမ့်မယ်"
"ဟားဟား..ဘယ်သူပြောလဲ ပါးဆွဲရင်သရေယိုတယ်လို့ ဟမ်"
"မကြားဖူးဘူးလား company ပိုင်ရှင်လုပ်နေပြီး"
"ဘာဆိုင်လို့လဲ အချစ်ရဲ့ company ပိုင်ရှင်နဲ့သရေယိုတာနဲ့ မောင့်ကိုရှင်းပြစမ်းပါအုံး ဒီလူကတုံးနေတော့မသိဘူး"
"အဲ့လောက် တောင်းဆိုနေတော့လည်း ရှင်းပြရမှာပေါ့"
"အင်း...ပြောပါအုံး"
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
FanfictionTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...