Unicode....
မနက်ခင်း နေရောင်ခြည်လေး အခန်းထဲဝင်လာသည်နှင့် အလင်းရောင်စူးစူးကြောင့် taeအိပ်ယာမှထလိုက်သည်။
မောင့်ရင်ခွင်ထဲကအသာထွက်ပြီး အိပ်ပျော် နေသေးတဲ့ မောင့်ရဲ့ နဖူးလေးကို ထိရုံလေးခိုးနမ်းပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်ခဲ့သည်။
မျက်နှာသစ်သွားတိုက်ပြီး ကိုယ်လက်သန့်စင်ကာ အောက်ထပ်ဆင်းပြီး မနက်စာပြင်ရန်အစပြုလိုက်သည်။
"မနက်စာဘာလုပ်ရမလဲ"
Tae တစ်ယောက်အချိန်တော်တော်ကြာတွေးရင်း မနက်စာတွက် ခေါင်းစားနေမိသည်။
"မောင့်တွက် coffee ကတော့ဖျော်ရမှာပဲဆိုတော့ coffee နဲ့လိုက်မဲ့ဟာ ဘာလုပ်ရမလဲ"
Taeတော်တော်ကြာကြာစဉ်းစားပြီးမှ အကြံရတာက မနေ့ကဖုန်းထဲကနေကြည့်လိုက်တဲ့ ပေါင်မုန့်ေကြာ်လုပ်နည်းလေ ချက်ချင်းဖုန်းပြေးယူပြီး ပါဝင်ပစ္စည်းများကိုပြင်လိုက်သည်။
pH - အရင်ဆုံးပေါင်မုန့်ကိုနွားနို့နဲ့ စိမ်ပြီး နွားနို့တွေပေါင်မုန့်ထဲစိမ့်ဝင်တဲ့ထိ ထားထားပါ
"ပေါင်မုန့်ကိုနွားနို့နဲ့စိမ်ပြီး နွားနို့တွေစိမ့်ဝင်အောင်ထားလိုက်မယ်"
Taeလည်း ဖုန်းထဲကပြထားတဲ့အတိုင်း တစ်ခုချင်းလိုက်လုပ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ ထောပတ်ကိုအိုးပူပေးပြီး နွားနို့ထဲစိမ်ထားတဲ့ပေါင်မုန့်တွေကို ရွှေဝါရောင်လေးသန့်တဲ့အထိကြော်လိုက်ပြီး အိုးချကာ မောင့်အကြိုက်ဆုံး coffee ခါးခါးလေးတစ်ခွက်ကိုဖျော်လိုက်ပြီး အိပ်ပုတ်ကြီးနေတဲ့မောင့်ကိုနှိုးရန်အပေါ်တက်ခဲ့သည်။
အခန်းထဲရောက်သည်နှင့် ခုတင်ပေါ်ထိုင်ပြီး မောင့်နှုတ်ခမ်းလေးပြွစ်ကနဲမြည်အောင်နမ်းပစ်လိုက်ပြီး နဖူးကိုလက်နဲ့တောက်လိုက်သည်နှင့် လှုပ်လားတဲ့မောင်.....
"မောင် ထတော့လေ ရုံးသွားရဦးမယ်မလား"
"ထစေချင်ရင် ထပ်နမ်းဦး ခုနကလို"
"ပြွစ် ထတော့ အိပ်ပုတ်ကြီး မနက်စာပြင်ပြီးပြီ"
"ထပါပြီဗျာ"
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
FanfictionTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...