Unicode>>>
"မောင်ရေ ထတော့ နေဖင်ထိုးနေပြီ"
"နေဖင်ထိုးလည်း မောင်အိပ်လို့ကောင်းနေသေးတယ် မထချင်သေးဘူး အချစ်ရယ်"
"မထလို့မရဘူးလေ မနက်ဆိုတာစောစောထရတယ် အဲ့တာမှာကျက်သရေရှိတာ ထလို့.....ထထ မထရင်နှာခေါင်းကိုက်ဆွဲမှာနော်"
ဘယ်လောက်နှိုးနှိုး မထပဲဆက်အိပ်နေတဲ့မောင်ဆိုတဲ့သူကြီးကြောင့် taeတစ်ယောက် စောစောစီးစီးဒေါသထွက်လာရသည်။
"တကယ်မထဘူးပေါ့လေ ဟင့် အချစ်အပြစ်မဆိုနဲ့"
Taeလည်းပြောပြီး ဒေါသထွက်ထွက်နဲ့ မျက်နှာပေါ်ကလုံးပြီးပွနေတဲ့ နှာခေါင်းကြီးကိုကုန်းကိုက်လိုက်သည်။
"အား...နာတယ် အချစ်ရဲ့ မောင့်ကိုဘာလို့ကိုက်တာလဲ နာလိုက်တာအချစ်ရာ"
"မကျေနပ်ဘူးလား နှိုးတုန်းကမှမထတာအမြင်ကပ်လို့ကိုက်တာ"
"ကျေနပ်တယ် ကျေနပ်ပါတယ်မောင့်အချစ်လုပ်တာပဲ ထပြီနော် အခု စိတ်မတိုနဲ့တော့"
"ဟွန့်....စောစောစီးစီးလူကို စိတ်တိုရအောင် ရေချိုးခန်းထဲမှာမျက်နှာသစ်ဖို့အကုန်လုပ်ပေးထားတယ်ပြီးရင်ဆင်းလာခဲ့ ပန်ကိတ်လုပ်ထားတယ်"
"ပန်ကိတ် ဒီနေ့တွက်မနက်စာလား"
"အင်းလေ မကြိုက်လို့လား"
"ကြိုက်တာပေါ့ မောင်ကပန်ကိတ်ဆိုအရမ်းကြိုက်တာ မောင်အမြန်လုပ်ခဲ့မယ်"
"ပြီးရော မြန်မြန်လုပ် ပူပူလေးစားရအောင်လို့"
"ဟုတ်ကဲ့ပါဗျ"
Taeလည်း jkပါးလေးကို ခြေဖျားလေးထောက်နမ်းပြီးအောက်ထပ်ဆင်းသွားခဲ့သည်။
Taeအခန်းပြင်ထွက်သွားသည်နှင့် jkလည်း ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ခြင်းလုပ်ငန်းကိုစတင်လိုက်သည်။
ပုံမှန်သူတစ်ယောက်ထဲဆို ဒီနေ့လို အလုပ်အားလပ်ရက်ချိန်ဆိုအစောကြီးထလေ့မရှိပေ။နေ့မြင့်အောင်အိပ်တက်သည်။
အခုတော့ ချစ်ရသူလေးရှိနေသလို စောစောထတက်တဲ့ချစ်ရသူလေးကြောင့် သူပါအကျင့်ပြောင်းရတော့မည်ပင်။
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
FanfictionTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...