Unicode>>>
Jkလည်း ကားရပ်လိုက်သည်နှင့် ကားပေါ်ကဆင်းကာ ပန်းဆိုင်လေးထဲဝင်လိုက်တယ်ဆို...ကြားလိုက်ရတဲ့ခပ်ဩဩအသံချိုလေး...
"ဘာပန်းလိုချင်လဲဗျ"
Jkဆိုင်ထဲဝင်ဝင်လာချင်း ကြားလိုက်ရတဲ့အသံလေးရဲ့ အသံပိုင်ရှင်ကို မြင်လိုက်တဲ့အခိုက် အကြည့်မလွှဲနိုင်အောင်ငေးကြည့်နေမိသည်။
ဘယ်လိုပြောရမလဲ အလှတရားလို့တင်စားလို့ရလောက်အောင် လှလွန်းတဲ့ သူရှေ့ ကောင်တာထဲကလူသားလေးကို သူအကြည့်မလွှဲနိုင်အောင်စိုက်ကြည့်နေမိသည်။
"ဘာပန်းလိုချင်လို့လဲဗျာ ဒီမှာ...ဟိတ်လူ"
"လှလိုက်တာ" (jkပါးစပ်ကလွှတ်ကနဲထွက်သွားသောစကား)
"ဘာပြောတာ ဘာပန်း"
"အော် ကိုယ့်တွက် အဖြူရောင် လီလီပန်း တစ်စည်းစည်းပေးနိုင်မလား အလှလေး"
"ပန်းစည်းကစည်းပေးလို့ရတယ် ဒါနဲ့ ကျုပ်ကိုဘယ်လိုခေါ်လိုက်တာ"
"အလှလေးလို့လေ မင်းကအရမ်းလှနေတာကို ကိုယ့်မျက်လုံးထဲမှာ"
"ခဗျားမရူးဘူးဆို ယောကျားလေးတစ်ယောက်ကိုလှတယ်လို့မသုံးသင့်ဘူးဆိုတာတော့သိမှာပါ"
"သိတာပေါ့ လှတယ်ဆိုတဲ့စကားလုံးကယောကျားလေးနဲ့မသင့်တော်ဘူးဆိုပေမဲ့ မင်းကတော့သီးသန့်ခြွင်းချက်လို့ ပြောလို့ရအောင်ကို အရမ်းလှလွန်းနေတာရော အလှလေးသိရဲ့လား"
"ကျုပ်ကိုအလှလေးလို့မခေါ်နဲ့ ကျုပ်မကြိုက်ဘူး ရော့ ခဗျားလိုချင်တဲ့ပန်းစည်း"
"ကိုယ်ကတော့ မပြောင်းလဲချင်ဘူး ထားပါတော့ ဒါနဲ့ဘယ်လောက်ကျလဲ"
"ယွမ် 5000"
"ဟုတ်ပြီ ဒီမှာ"
"ယွမ် 5000 မပါဘူးလား ကျုပ်မှာပြန်အမ်းစရာမရှိသေးဘူး"
သူပေးတဲ့ ယွမ်10000 တန်ကို ပြန်ပေးလာတဲ့ ရှေ့ကအလှလေးလက်ကိုဆုပ်ကိုင်လိုက်တော့ ထိုအလှလေးကရုန်းသည်။
"အဲ့ဆို ကိုယ့်ကို မင်းအချစ်လေးပြန်အမ်းမလား"
"ဘာ! ခဗျားဘာပြောတာလဲ"
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
FanfictionTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...