Unicode>>>
"မောင့်ကို ဘာတွေသဘောကျလို့အဲ့လောက်စိုက်ကြည့်နေတာလဲ မောင့်အချစ်"
"မ...... မကြည့်ပါဘူး ဒီတိုင်းပဲ"
ခိုးကြည့်နေတာ သိလို့ပြောလိုက်တော့ ဟိုကုတ်ဒီကုတ်နဲ့ မကြည့်ပါဘူးဆိုတာ ငြင်းသေးသည်။
"မကြည့်ဘူးပေါ့ အဲ့ဆို ခုနက မျက်တောင်မခတ်ပဲ မောင့်ကိုငေးနေတာ ဘယ်သူပါလိမ့်"
"ဘယ်သူလဲ ဘယ်သူမှမငေးပါဘူး"
"မငေးဘူးဆိုလည်း မငေးဘူးပေါ့"
"ဆေး...ဆေးပြီးရင် ပေးတော့လေ taeချက်လိုက်ဦးမယ် မောင်အလုပ်တွေဘာတွေရှိရင်လုပ်ထားလေ taeညစာချက်အပြီးနဲ့ ကွတ်တိလောက်ဖြစ်မှာပါ"
"မောင်က...အချစ် ဟင်းချက်နေတဲ့ပုံလေးကို ထိုင်ကြည့်ချင်တာ အချစ်ရဲ့"
"နောက်မှကြည့်လည်းရပါတယ် အလုပ်မပြီးရင် မောင်ပိုပင်ပန်းရမှာ နော် အချစ်ရဲ့မောင်ကလိမ္မာပါတယ် နော် ညစာပြင်ပြီးရင် အချစ်လာခေါ်မယ်လေ"
"အင်းပါ အချစ်ကအဲ့လိုဆိုရင်တော့ မောင်အလုပ်သွားလုပ်ပါ့မယ်ဗျာ"
"ပြွစ်...အချစ်ရဲ့မောင်ကအတော်ဆုံးပဲ"
"အလုပ်သွားလုပ်ဖို့တွက် အားရှိသွားပြီ"
"ဟီး သွားတော့မောင် အချစ်ညစာချက်တော့မယ်"
"ဟုတ်ပါပြီဗျာ မွမွ ချစ်တယ်နော် မောင့်အချစ်လေး"
"ဟုတ်"
Jkလည်း စာရင်းတွေလုပ်ရန် အပေါ်ထပ်ပြန်တက်သွားသလို taeလည်း ဂဏန်းချက်ရန် ပြင်ဆင်နေတော့သည်။
Taeလည်း ညစာအတွက် ဂဏန်းမဆလာချက်နဲ့လိုက်မဲ့ တပြင်ဟင်းတချို့ကိုချက်ပြုတ်ပြီးသည်နှင့်စားပွဲပေါ်အရန်သင့်ပြင်ထားလိုက်သည်။
ဟင်းခွက်တွေအားလုံးပြင်ဆင်ပြီးတော့ ထမင်းချက်ထားပြီး အပေါ်ထပ်ကမောင့်အတွက် ကော်ဖီခါးခါးလေးတစ်ခွက်ဖျော်လိုက်သည်။
"အင်း မောင့်အကြိုက်နဲ့ကွတ်တိပဲ မောင်လည်းစာရင်းလုပ်တာကြာနေပြီဆိုတော့ လည်ချောင်းခြောက်တာသက်သာအောင် သွားပို့လိုက်မယ်"
YOU ARE READING
𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}
FanfictionTaekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ့ nameလေးနဲ့ သာသာရဲ့ 7ပုဒ်မြောက် ficအသစ်လေးဖြစ်တဲ့ Dramaဆန်ဆန် အနှောင့်အယှတ်မုန်တိုင်းတွေနဲ့ ပုံဖော်...