Love me {Part 36}

210 22 4
                                    

Unicode.....

အချိန်တရွေ့ရွေ့ကုန်သွားတော့ အခုဆို သားလေး
ကရှစ်လာသားအရွယ်တောင်ရောက်ခဲ့ပြီပင်။

မောင်ကလည်းအလုပ်မအားတဲ့ကြားထဲက အလုပ်ပြန်လာတိုင်းမနားပဲ သားလေးကိုဂရုစိုက်ပြုစုပေးသည်။

ဒီလိုနဲ့ တစ်နေ့မှာတော့.....

မောင် မရှိတဲ့အချိန် ဧည့်သည်ရောက်လာတယ်လို့ လာပြောတဲ့ ခြံစောင့်ဦးလေးကြောင့် သားလေးကိုသေချာသိပ်ခဲ့ကာ အောက်ဆင်းလာခဲ့သည်။

ဦးလေး ဧည့်သည်ကဘယ်မှာလဲ

အပြင် ခြံထဲမှာပါ အကိုလေး

အော် ဟုတ်ကဲ့ ဦးလေးလည်းလုပ်စရာရှိတာသွားလုပ်တော့နော်

ကောင်းပါပြီ အကိုလေး

Taeလည်း အိမ်ပြင်ကခြံထဲဆင်းလိုက်တော့ တွေ့လိုက်ရတဲ့သူက တခြားသူမဟုတ် မောင့်ရဲ့ ရည်းစားဟောင်း lee eun juပင်။

ဘာကိစ္စများရှိလဲ

အော် ရောက်လာပြီ ပြောစရာရှိလို့ တို့ကဘာတာပဲ

ကျွန်တော်တို့ကြားမှာ နှစ်ယောက်ထဲတွေ့ပြီးပြောရလောက်တဲ့အကြောင်းများရှိလို့လား

ရှိတာပေါ့ အရေးကြီးတဲ့ကိစ္စမလို့ပါ တပြင်ကိစ္စဆို တို့ကအချိန်ကုန်လူပင်ပန်းခံနေမှာမဟုတ်ဘူး

အကြောင်းအရာက

အော် မင်းကိုအားနာပေမဲ့ တို့ပြောပြချင်လို့ လိုရင်းပဲပြောလိုက်တော့မယ်

.....

တကယ်တို့ တို့နဲ့ jeonကပြန်အဆင်ပြေနေပြီ အရင်လို တစ်အိမ်ထဲနေတဲ့အဆင့်လောက်နီးနီးထိဖြစ်ဖို့ပဲကျန်တော့တယ်

ခဗျား မိန်းကလေးဖြစ်ပြီး မဟုတ်ကဟုတ်ကစကားကိုလာပြောမနေနဲ့

အော် တို့ကသက်သေမရှိပဲတော့မပြောပါဘူး အခုဆို jeonကတို့စီကိုအမြဲလာတယ် ပြီးတော့ တို့နဲ့နှီးနှော

တော်တော့ ခဗျား‌ဆက်မပြောနဲ့တော့

ဒီမှာ ဒါလေးတွေအရင်ကြည့်လိုက်ပါအုံး စိတ်တော့လွတ်မသွားနဲ့နော်

ထို့သို့ပြောတော့ Tae လည်း သူမပြတဲ့ဖုန်းထဲကိုကြည့်လိုက်တော့ မောင်နဲ့တူတူ ရိုက်ထားတဲ့ပုံတွေ ပြီးတော့အိပ်ယာထဲမှာပင်ဖြစ်သည်။

𝕃𝕠𝕧𝕖 M̷e̷ A͎g͎a͎i͎n͎ {Ongoing}Where stories live. Discover now