Ch-9.1

87 13 0
                                    


Ch-9.1

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ရန်လုချင်း သည် 'သာမန်လူA မှ စိတ်ဝေဒနာသည် B ဆီသို့ကူးပြောင်းလာသည်ဟု မေးခွန်းကိုမေးပြီးနောက် ကုစစ်၏အခန်းထဲသို့နေ့တိုင်းစတင်သတင်းပို့ခဲ့သည်။ကုစစ် သည်အတော်ပင် အမြင်အာရုံညံ့ဖျင်းသော လူတစ်ယောက် ဖြစ်နေတုန်းမို့ ထိုအကြောင်းကို မည်သူလောက်ဟု သူမ ထင်ကောင်းထင်နေခဲ့သည်။

ထို့ကြောင့် သူမသည် သူ့အခန်းရှိအိမ်သာထဲသို့ဆေးလုံးများလာရောက်လွှင့်ပစ်ခဲ့သည်။

ကုစစ်မှ သက်တော်စောင့်များဆီမှ 'မစ်ရန် ရုတ်တရက်ဆေးသောက်နေသည်ကို ရပ်လိုက်သည်ဟု သံသယရှိနေတယ်'ဟု၊သူတို့လည်းထိန်းမနိုင်ကြဟု ပြောသည်ကိုအကြိမ်များစွာကြားသိခဲ့သည်။

'မစ်ရန်က နေမကောင်းသော်ငြား တကယ်ကိုကောင်းတယ်'ဟု လူငယ်အနက်လေးဆီမှ သူလည်းအကြိမ်များစွာကြားသိခဲ့သည်။ထို့နောက် အနက်လေးသည် အနက်ကြီးဆီမှ 'သူမက အခုကောင်းနေပေမဲ့ တချိန်လုံးကောင်းနေဖို့မမျှော်လင့်နဲ့'ဟု သင်ကြားခံခဲ့ရသည်။

စိတ်နေစိတ်ထားပြောင်းလဲခြင်းသည် ဟန်ဆောင်လို့ရနိုင်သောအရာတစ်ခုဖြစ်သည်။သို့သော် ပြင်းထန်သောစိတ်ဝေဒနာသည်က ဆေးမသောက်ရင် ဘာဖြစ်လာမလဲ?

ရလဒ်များသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားသော်လည်း မည်သို့ပင်ဖြစ်ပါစေ အခုရန်လုချင်းကဲ့သို့ဖြစ်လာဦးမည်မဟုတ်ချေ။

—— သာမန်ဘဝ၊ အလုပ်နဲ့အနားယူခြင်း၊ လှုပ်ရှားမှုခြင်း၊ တခြားသူတွေနှင့်အတူပဲလှောင်ပြောင်ခြင်း။သူမသည် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ အရွှန်းဖောက်ကာ သူမ၏အပြောအဆိုနှင့် အပြုအမူများသည် ရံဖန်ရံခါ စည်းပျက်နေသော်လည်း ရောဂါဗေဒဆိုင်ရာ ထင်ရှားခြင်းမရှိသေး။

သူမသည် အလွန်သတိရှိနေသောကြောင့် သူမ၏အခန်းထဲတွင် ဆေးအားမပစ်ပဲ ကုစစ်၏အခန်းထဲတွင် ဆေးကိုလွှင့်ပစ်ခဲ့သည်။

သို့သော် သူပေးသောဆေးကိုကျ လုံးဝသတိမထားဘဲ မျိုချတက်သည်။

ဤအချိန်မှစ၍ ကုစစ် သည် ဤလူ၏အပြုအမူကို သတ်မှတ်ရန် 'သရုပ်ဆောင်ခြင်း' ကို ကြာကြာအသုံးမပြုနိုင်တော့။

Why The Big Villain Hasn't Run AwayWhere stories live. Discover now