Ch-11.1

103 21 0
                                    


Ch-11.1

မှတ်ချက်ကို ပို့စ်တင်ပြီးနောက် ရန်လုချင်းတွင် မပြီးဆုံးနိုင်သော အတွေးအမြင်များ ရှိနေပုံရသည်။ရန်လုချင်းသည် နောက်တစ်ခုသို့ မရွေ့မီအထိ ဗီဒီယိုအတိုလေးကို လေးကြိမ်တိုင်တိုင် စိုက်ကြည့်နေခဲ့သည်။

သူတို့နှစ်ဦး ထွက်ခွာသွားသည့် အချိန်သည် နံနက်အစောကြီးဖြစ်ပြီး ယခုအချိန်သည် နေမင်းကြီး၏ စူးစူးရှရှ တောက်ပနေမည့်အချိန်ဖြစ်နေပြီဖြစ်သည်။ရန်လုချင်းသည် ပြတင်းပေါက်အပြင်ဘက်ရှိ နေရောင်ခြည်ကြောင့် လှုပ်ယမ်းနေပုံရသည်။သူမသည် အတွင်းဘက်သို့ အနည်းငယ်ရွေ့လျားကာ သူမ၏လက်ကိုင်ဖုန်းသည် နေကိုမျက်နှာမူရန် ထောင့်ကိုပြောင်းပေးသည်- ၎င်းက ကုစစ် မှကြည့်ဖို့ရာပိုအဆင်ပြေစေသည်။

ကုစစ် က သူမဗီဒီယိုများ ပွတ်ဆွဲ၍ကြည့်နေသည်ကိုစောင့်ကြည့်နေသည်။

သူမမြင်ဖူးသမျှ ဗီဒီယိုတိုင်းတွင် သက်တောင့်သက်သာရှိစေရန် တစ်စုံတစ်ခုကို ချန်ထားခဲ့သကဲ့သို့ မှတ်ချက်ပေးခဲ့သည်။

နဖူးထက် ကင်မရာချိတ်ထားပုံရတဲ့ အတုအယောင်ချစ်ဇနီးမောင်နှံနှစ်ဦးရဲ့နေ့စဉ် ဗီဒီယိုကို ကြည့်ရှုပြီးနောက် ရန်လုချင်း မှဝင် မန့်ခဲ့သည်။[မနာလိုတဲ့ စကားလုံးတွေကို ငါ့ရဲ့ အုတ်ဂူမှာ ရေးထွင်းထားပြီးသားပါနော်။]

သူမသည် ယခုလေးတင်ကြည့်ရူထားသောဆံပင်ရှည်မိန်းကလေးနှင့်တူသည့် filter monster ၏အခြားဗီဒီယိုသို့ ပွတ်ဆွဲလိုက်သည်။

ရန်လုချင်း၏ဖုန်းသည် muteလုပ်ထားသောကြောင့် သီချင်းကိုနားမထောင်ဘဲ မှတ်ချက်ပေးသည်- [Sorry၊အလှ‌လေးစကားပြောတာ ဒီလောက်လှမှန်းမသိခဲ့ဘူး။နားထောင်လို့လည်းကောင်းတယ်။သီချင်းဆိုတဲ့အခါ အရမ်းလှတယ်(နှင်းဆီ)]

အခြားသူ၏ ဘန်ဂျီခုန်ခြင်း ဗီဒီယိုကို သူမမြင်ပြီး စာရိုက်ခဲ့သည်- [ဘန်ဂျီကြိုးကထိုနေရာတွင် ချည်ထားသောကြောင့် နင့်ခြေထောက် ကို ဒဏ်ရာရစေနိုင်တယ်။ငါပုံမှန်ဆိုငါ့လည်ပင်းမှာချည်မှာ~]

ကုစစ်: "..."

#သူမတကယ်ဘာလုပ်နေတာလဲ။



သာသာမှ။

ဒါလေး Paid မှာ အပိုင်းတိုအများကြီးပြီးပါပြီနော်။အစအဆုံးကို၃၀၀၀ပါ။

Why The Big Villain Hasn't Run AwayWhere stories live. Discover now