Ch-6.1

87 11 0
                                    


Ch-6.1

မွေးနေ့ပါတီပွဲသည် ရူပ်ထွေးနေခဲ့သည်။နောက်ဆုံးတွင် ဟိုတယ်လုံခြုံရေးဝန်ထမ်း သည် စီမံဖို့ရာဝင်လာခဲ့ပြီး ဧည့်သည်တစ်ဦးစီကိုလိုက်ပို့ခဲ့သည်။သူတို့ကိုယ်သူတို့အရူးလုပ်ကြမည်မဟုတ်ကြရာ အံ့အားသင့်သည်လည်းမဟုတ် ထိုမွေးနေ့ပွဲသည် နောက်၆လလောက်ရယ်မောစေဖို့ရာလုံလောက်ခဲ့သည်။

ရန်လုချင်းသည် မထွက်သွားခင် သန့်စင်ခန်းသို့သွားခဲ့သည်။

ဒီဟိုတယ်၏အနားယူခန်းသည် အနောက်ဥယျာဉ်ထဲတွင်ရှိသည်။ဆန်းသစ်စွာဒီဇိုင်းဆင်ထားပြီး သန့်စင်ခန်းအသုံးပြုပြီးနောက် မြင်ကွင်းကိုကြည့်ရူ၍ပျော်ရွှင်နိုင်သည်။

ရန်လုချင်း သည် အနောက်ဆီသို့ဖြေးဖြေးချင်းလျှောက်လာသည်။ပန်းပင်များနှင့်သစ်ပင်များကလွဲ၍ ဘေးပတ်လည်တွင်ဘယ်သူမှမရှိချေ။ထို့နောက် ရုတ်တရက် သူမ၏လည်ပင်းတင်းကျပ်သွားကာ အနောက်မှသန်မာသောအားတစ်ခု၏ဆွဲသွားခြင်းကိုခံလိုက်ရလေသည်။—

နောက်အခိုက်အတန့်တွင် ကောင်းကင်ကြီးလှည်ထွက်သွားသလိုချက်ချင်းခံစားမိလိုက်သည်။သူမ၏နဖူးကို လေးလံသောအရာတ္တူနှင့်ခိုက်မိသလိုခံစားမိပြီး အသံထွက်ပေါလာကာ ထိုနေရာမှ နွေးထွေးသောအရည်တို့ စီးကျလာလေသည်။

သေစမ်း။ဘယ်သူလဲဟ!

တဖက်သူက ရန်လုချင်း အား အသာစီးရထားပြီး သူမ သည် စုတ်ပဲ့သောအရုပ်တဖွယ်ဖြစ်နေခဲ့သည်။သူမမှာ အခြေခံအားဖြင့် မလှုပ်ရှားနိုင်တော့ပေ။

အနောက်မှ မိန်းကလေးတစ်ဦး၏အသံ ရုတ်တရက်ထွက်ပေါ်လာသည်။

"ဝမ်းကွဲအစ်မ၊နင် ကုစစ်ကိုရလိုက်တယ်မလား?"

?

ဝမ်းကွဲအစ်မ?ကုစစ်?

ရန်လုချင်းမှာချက်ချင်း ဦးနှောက်ကိုကစားမိသည်။မူလခန္ဓာကိုယ်ပိုင်ရှင်၏ဝမ်းကွဲ၊ကုစစ်...၊ဒါ..ဒါဆို ဂျင်းရှန်းကိုကြိုက်နေတဲ့အမျိုးသမီးဇာတ်ပို့!

သူမမှတ်မိတာမှန်ကန်ပါက ထိုအမျိုးသမီးဇာတ်ပို့၏နာမည်မှာ ယုရှီဖြစ်သည်။ရန်လုချင်းနှင့်အနေဝေးကွာသောဝမ်းကွဲဖြစ်သည်။ဂျင်းရှန်း သည် သူမအပေါ် တိတ်တခိုးကြိုက်ခဲ့သော်ငြား သူမ၏မလိုအပ်သောအချစ်ကတော့ ကုစစ်အပေါ်တွင်ရှိခဲ့သည်။

Why The Big Villain Hasn't Run AwayWhere stories live. Discover now