Ch-7.2

106 17 0
                                    


Ch-7.2

ရန်လုချင်း သည် အခန်းထဲသို့ပြန်ဝင်လာပြီးနောက် ဤနေရာတွင်နေထိုင်သော မူလခန္ဓာကိုယ်ပိုင်ရှင်၏ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့်ပတ်သက်၍ကုသပေးသော ဆရာဝန် သည် သူမ၏နဖူးပေါ်က ဆေးကိုလဲပေးဖို့ရာ ရောက်လာသည်။

ရန်လုချင်း ပထမဆုံးရောက်လာခြင်း သတိမေ့နေချိန်တွင် ဒီဆရာဝန်မှ ကုသပေးခဲ့သည်။ပြီးတော့ ကုစစ်ကိုလည်းကုသပေးခဲ့သည်။ထိုအမျိုးသမီးဆရာဝန်သည် ပရော်ဖက်ရှင်နယ်မျက်နှာထားရှိသလိုအလွန်စိတ်ချရမည့်ပုံပေါ်သည်။ပတ်တီးလဲနေစဉ်အတွင်း ဆရာဝန်အား ကုစစ်၏လက်ရှိအခြေအနေကိုမေးမြန်းခဲ့သည်။

သို့သော် သူမရရှိလိုက်သောရလဒ်သည် ကုစစ်ပြောခဲ့သည်နှင့်ထပ်တူမကျနေခဲ့ချေ။

ကုစစ်၏ဆေးရည်သွင်းထားမည့်ကြာချိန် သူ၏ အစာအိမ်ပြန်လည်ကောင်းမွန်လာမှု အခြေအနေပေါ်မူတည်ဟုပြောခဲ့သည်။သူထိုးထားသောဆေးသည် ရှာဖွေရန်ခက်ခဲသည့် ဘေးထွက်ဆိုးကျိုးများစွာရှိပြီး ဖြည်းညှင်းစွာစစ်ဆေးပြီးမှ ပြန်လည်သက်သာလာနိုင်သည်။

ထို့နောက်ဆရာဝန် သည် သူ့မျက်ဝန်းများနှင့်ပတ်သက်၍ပြောလာခဲ့သည်။"သူ့မျက်လုံးတွေကလည်း ဒဏ်ရာရနေတယ်၊ ​​ဒါပေမယ့် ဒါက ကျွန်မကုသနိုင်တဲ့အတိုင်းအတာထဲမှာမရှိဘူး။အကြမ်းဖျင်းဆန်းစစ်ကြည့်လိုက်က မကြာသေးခင်က လူလုပ်လို့ပျက်စီးမှုတွေတွေ့ရှိခဲ့ပေမဲ့ တိကျတဲ့ အကြောင်းရင်းနဲ့ရောဂါလက္ခဏာတွေကိုအသေအချာမသိသေးဘူး။အဲဒီနယ်ပယ်ထဲက ကျွမ်းကျင်တဲ့ ဆရာဝန်ကို တတ်နိုင်သမျှ အမြန်ဆုံးရှာတာအကောင်းဆုံးပါပဲ"

ဆေးလဲ၍ပတ်တီးစီးပေးပြီးနောက် ဆရာဝန် သည် ထွက်သွားသည်။ရန်လုချင်း သည် ရင်ဘတ်ပေါ်လက်တင်၍ အိပ်ရာပေါ်လဲနေရင်း စကားများစွာရေရွတ်မိသည်။"ကုစစ်က တကယ့်ကိုသနားဖို့ကောင်းတာ"

"ငါက သူ့ရဲ့မားမားဖန်ကြီးပါ၊သူကဘယ်လောက်တောင်သနားဖို့ကောင်းလိုက်တဲ့လူလဲ?"

"မာရီယာ၊ကုစစ်ကဘယ်သူလဲ?အိမ်က ဧည့်သည်အသစ်လား?" 'ကုစစ်' ဆိုသည့်စကားသည် မကြာခဏပေါ်လွန်းလို့ဖြစ်လောက်သည်။ဘေးဘက်ရှိ ဥာဏ်ရည်ဉာဏ်သွေးအတုကတောင် ရုတ်တရက်မေးလာခဲ့သည်။

Why The Big Villain Hasn't Run AwayWhere stories live. Discover now