Ch-10.1

83 14 0
                                    

Ch-10.1

ရန်လုချင်း သည် အစ်ကိုကြီး၏အတွင်းကမ္ဘာကြောင့် အလွန်တုန်လှုပ်သွားသည်။မီးပွိုင့်ကိုဖြတ်မောင်းပြီး မကြာခင်မှာပဲ လူနေကျဲပါးတဲ့ ဗီလာဧရိယာထဲကို ဝင်လာခဲ့ကာ ပြိုင်ကားအဖြူလေးမှာ တဖြေးဖြေးရပ်တန့်သွားသည်။

ရန်လုချင်း သည် 'ရန်မိသားစု၏အိမ်'ဟု ရေးထားသည်ကိုတွေ့လိုက်သည်။အဖြူရောင်မိသားစုအိမ်တော်ကြီးသည် သူမ၏အိမ်ဧရိယာထက်နှစ်ဆ(သို့)သုံးဆလောက်ရှိသည်။ဗီလာခြံဝင်းထဲတွင် ကျောက်တုံးများနှင့် စမ်းရေအတုများ ရှိပြီး ဥယျာဉ်တစ်ခုလည်း ရှိသည်။ဥယျာဉ်အတွင်းရှိ ကြိုးများကဲ့သို့သော ကလေးကစားရန် သင့်လျော်သော ကိရိယာများစွာရှိသည်။

ရန်ဖန်မင်း သည် ရန်လုချင်းအား စကားတခွန်းမှမပြောပဲ ကားကိုပါကင်ထိုးလိုက်သည်။ရန်လုချင်း သည် ကိုယ်တိုင်ဆင်းလာသောအခါ အိမ်ထိန်းပုံစံဝတ်ထားသောတစ်စုံတစ်ယောက် သည် သူမထံသို့အနည်းငယ်ဦးညွတ်၍ သူမအား တံခါးဆီသို့ဦးဆောင်ခေါ်သွားသည်။

"သခင်ကြီးက အ‌ပေါ်ထပ်ကစာကြည့်ခန်းထဲမှာအသင့်စောင့်နေပါတယ်"

သခင်ကြီးဆိုသည်မှာ မူလပိုင်ရှင်၏ဖခင်ကိုခေါ်ခြင်းဖြစ်သည်။

ရန်လုချင်း သည် ခေါင်းညိတ်လိုက်သည်။'သိပြီ၊ကျေးဇူး"

ထို့နောက် အိမ်ထိန်းသည် နောက်ပြန်ဆုတ်ကာ ဘေးဘက်သို့ လျှောက်သွားသည်။

ရန်လုချင်း သည် မတ်တပ်ရပ်နေလျက် မလှုပ်ရှားချေ။အိမ်ထိန်းက သူမကိုကြည့်နေသလို သူမကလည်း အိမ်ထိန်းကိုကြည့်နေသည်။

"?" အိမ်ထိန်း သည် မျက်ဝန်းဖြင့် မေးခွန်းထုတ်ဟန်အမူအရာကိုပို့လိုက်သည်။

"?" ရန်လုချင်းသည် မျက်ဝန်းဖြင့် မေးခွန်းထုတ်ချင်ဟန်အမူအရာကိုပြန်တုန့်ပြန်လိုက်သည်။"စာကြည့်ခန်းကဘယ်မှာလဲ?လမ်းပြပေးဖို့ ဒုက္ခပေးမိပြီ"

အိမ်ထိန်း : "... "

အိမ်ထိန်း မှ ဘာမှပြန်မပြောပေမဲ့ ရန်လုချင်း သည် သူရဲ့WeChatကို addedလိုက်လျှင် 'သခင်မလေးက သေချာပေါက် စိတ်ရောဂါနဲ့ထိုက်တန်သည့်နတ်ဆိုးတစ်ကောင်'ဟုပြောမည်ကိုခန့်မှန်းမိသည်။

Why The Big Villain Hasn't Run AwayWhere stories live. Discover now