Ch-4.3
အနက်ကြီး သည် ထူးဆန်းသည်ဟုခံစားမိသော်ငြား ဂရုစိုက်စဉ်းစားပြီးနောက် တကယ်လည်း ထူးဆန်းတာမရှိချေ။
ပြောရရင် စိတ်ဝေဒနာသည်မစ်ရန်၏ဒဏ်ကို ၁၀ကြိမ်ထက်မနည်းတိတ်တဆိတ်တွေ့ကြုံပြီးနောက် အရာအားလုံးသည်ပုံမှန်အတိုင်းသာဖြစ်လာခဲ့သည်။
အနက်ကြီးမှ ထပ်မေးလိုက်သည်။"လူဘယ်နှစ်ယောက်ခေါ်သွားချင်သလဲ?"
"နှစ်ယောက်၊မင်းနဲ့အနက်လေး" ရန်လုချင်း သည်
တံခါးအနားရှိဉီးနှောက်မရှိသောလူကိုလက်ညိုးထိုးကာပြောလိုက်သည်။"အင်း၊ဒီနာမည်က သူ့နာမည်ပဲ၊နောက်ကျမှတ်ထားအောင်ပြောလိုက်၊ဒါမှ ရှင်တို့အသားကျမှာ"
အနက်ကြီး သည်တည်ငြိမ်၍ပညာရှိသူ၊အနက်လေးက မဆင်မခြင်မိုက်မဲသူဖြစ်သည်။
သူမ သည် ထိုသို့သောနာမည်မျိုပေးတက်သောပါရမီရှင်တစ်ဉီးဖြစ်ပေသည်။
ရန်လုချင်း သည် သူမကြိုတင်စီစဉ်ထားသောအစီအစဉ်ကိုဆက်လိုက်အမိန့်ပေးလိုက်သည်။-"ဒီတခေါက်မနက်ခင်းတုန်းက ကျွန်မပြောခဲ့တဲ့အစီအစဉ်အတိုင်းလုပ်မယ်၊ဂျင်းရှန်းက ကျွန်မဘာလုပ်နေသလဲသိရင်တောင် သူ့ဗိုက်ထဲမှသိမ်းထားဖို့ပဲတက်နိုင်မယ်၊အနက်ကြီးက ထုံးစံအတိုင်း လမ်းပြဖြစ်ပြီး၊အနက်လေးကိုလုပ်ဆောင်ခိုင်းရမယ်၊ကျွန်မတို့ ပန်းတိုင်က သူ့ခြေထောက်တစ်ဖက်ကိုရဖို့ပဲ၊အနက်လေးကို ရှင်းရှင်းလင်းလင်းပြောဖို့မမေ့နဲ့"
"ကျွန်တော်နားလည်ပါတယ်။"
ရန်လုချင်း သည် သူမဆီသို့ အလျင်အမြန်ပြေးလာသော ပိန်ပိန်ပါးပါးလူငယ်လေးကိုကြည့်ရင်း နောက်ဆုံးတွင် စိတ်ထဲမှန်းဆပြီးသားမေးခွန်းကိုမေးလိုက်သည်။"စကားမစပ်၊အနက်လေးကို တိုက်ခိုက်တာကောင်းလို့အလုပ်ခန့်ထားတာမဟုတ်လား?"
အနက်ကြီးမှ ခေါင်းညိတ်သည်။"ပြောရရင်၊မစ်လည်း သူ့အိုင်ကျုကိုမြင်ပုံပဲ"
သူမ ကားပေါ်တက်လာသောအခါ ကားသည် limousineမော်ဒယ်ဖြစ်လို့ ရန်လုချင်းနှင့်ကုစစ်တို့မျက်နှာချင်းဆိုင်အနေအထားဖြင့်ထိုင်နေကြသည်။
YOU ARE READING
Why The Big Villain Hasn't Run Away
RomanceMMtrans-32: Why The Big Villain Hasn't Run Away