Ch-10.4

78 16 0
                                    


Ch-10.4

မင်းသမီးစစ် ၏ စကားများသည် အဆိပ်ပြင်းလွန်းသဖြင့် ရန်လုချင်းလည်း မနေသာပဲ လူသတ်သမား၏တိုက်ကွက်တချို့ထုတ်သုံးလိုက်သည်။

"ကုစစ် တကယ်တော့ ..ငါမူးနေပြီးနောက်တနေ့မှာ အဲနေ့တုန်းကမှတ်ဉာဏ်တွေကိုမမှတ်မိတော့ပေမဲ့ "

"........."

သူမပြောပြီးသည့်နောက်၊ ကုစစ်၏လက်ချောင်းများ အနည်းငယ် လှုပ်ရှားသွားသည်ကို သူမတွေ့လိုက်ရသည်။

ရန်လုချင်း သည် ဇွဲလုံ့လစိုက်ထုတ်ပြီး ထပ်မံပြောလိုက်သည်- "နင်မယုံတာဖြစ်လောက်ပါတယ်၊ဒါပေမဲ့ အဲဒီညတုန်းကအဖြစ်အပျက်က တကယ်ပဲငါ့စိတ်ထဲစွဲနေခဲ့တာ။ငါ့အိမ်မက်ထဲ လူတစ်ယောက်ငါ့မျက်နှာကိုညှစ်နေတာကိုတောင် အိမ်မက်မက်ခဲ့တယ်"

အဲဒီနောက်...

ထို့နောက် ကုစစ် သည် သူမဘေးတွင်ထိုင်ကာ နှစ်ယောက်သား လိပ်ပြာတောင်သို့ သွားနေကြပြီဖြစ်သည်။

ဒီခရီးစဉ်ကို 'မာကာဘာကာ'က ဇာတ်ကြောင်းအဖြစ် သတ်မှတ်ထားပေမယ့် ရန်လုချင်းကတော့ ခရီးသွားတဲ့ ခံစားချက်ကို အပြည့်အ၀စွဲလန်းနေခဲ့သည်။ပြီးတော့ ဒါက ငါ အကြိုက်နှစ်သက်ဆုံး စာအုပ်ထဲကလူသားနဲ့ခရီးအတူထွက်ရတာလေ!

ဒီ့ထက် ပိုပျော်ရွှင်နိုင်မှာမဟုတ်တော့ဘူး။

"နင် အိပ်မပျော်ဘူးလား" ရန်လုချင်း သည် အလွန်တက်ကြွသော်လည်း တဖက်ကကုစစ်ကတော့ မျက်လုံးများစင်းနေကာ သူ့အသားအရည်မှာသိပ်မကောင်းမွန်ချေ။"နင်တခဏအိပ်လို့ရတယ်၊ ဟိုရောက်ရင် ငါနိုးမယ်"

ဒီနေ့ သူတို့ နှစ်ယောက် အားကစား ဝတ်စုံတွေ ၀တ်ထားသည်။ကုစစ် လည်း ဦးထုပ်ဆောင်းထားတယ်။ဒါကိုကြားတော့ ကုစစ်သည် သူ့မျက်နှာကို အုပ်ဖို့ ဦးထုပ်ကိုငိုက်လိုက်၍ ကုလားထိုင်နောက်ကို မှီပြီး လုံးဝမလှုပ်တော့။

ရန်လုချင်း သည် ကုစစ်၏မေးရိုးလိုင်းများကို ထင်ရှားစွာမြင်ရသည်။အိပ်ပျော်နေသောထွက်ပြေးနေသောမင်းသမီးလေး၏အလှတရားကိုတခဏကြည့်ပြီးနောက် အက်ပ်တစ်ခုကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။

အဆင့်မြှင့်တင်ခြင်းဟုခေါ်သော အရာသည် စွဲလမ်းလွန်းလှသည်။

ကုစစ် အိပ်ပျော်သွားပြီးနောက်၊ သူမသည် စိတ်ပူစရာမလိုဘဲ အဆင့်မြှင့်ထားသော အသက်မွေးဝမ်းကြောင်းကို စတင်နိုင်ပြီဖြစ်သည်။

......

ကုစစ်၏အိပ်စက်တက်မှုအရည်အချင်းသည် အမြဲတမ်း အလွန်ညံ့ဖျင်းသည်။

ရွေ့လျားနေသော ကားတစ်စီးလို ပတ်ဝန်းကျင်မျိုးတွင် သူ့အတွက် တိမ်မြုပ်ကာ အိပ်ရန်ပင် ခက်ခဲပြီး မျက်လုံးမှိတ်ကာ အနားယူရုံသာ ရှိသည်။

မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ဘေးနားရှိလူ၏မျက်နှာ၏အမူအရာကိုအမှတ်မထင်မြင်လိုက်ရသည်။

ကောင်မလေးသည် မိုဘိုင်းလ်ဖုန်းစခရင်ကို ကြည့်နေသည်။သူမ၏ပါးချိုင့်များသည် ပန်းရောင်သန်းသည်။မူလလှပသော တောက်ပသောမျက်လုံးများသည် အပြုံးဖြင့် လခြမ်းအဖြစ်သို့ ပြောင်းလဲသွားသည်။သူမ မြင်လိုက်ရသည့်အရာကြောင့် သူမမျက်လုံးထဲတွင် ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ချေ။

ကုစစ် သည် အနည်းငယ်မတ်၍ သူမ၏ လက်ကိုင်ဖုန်းစခရင်ကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်လိုက်သည်။

သူ့မျက်မှန်ကို ပြန်ပြောင်းခဲ့လေရာ အဝေးက အရာတွေကို မမြင်ရသေးပေမယ့် နှစ်မီတာ (သို့) သုံးမီတာအတွင်းရှိ အရာများကို ပြတ်ပြတ်သားသား မြင်နိုင်သည်။

ရန်လုချင်းသည် သူမ၏ မိုဘိုင်းဖုန်းစခရင်တွင် ဗီဒီယိုအတိုလေးကို ပွတ်ဆွဲနေကာ လက်ရှိဗီဒီယိုထဲတွင် အမည်မသိအလွှာများစွာအတွက် စစ်ထုတ်ထားသော လေးလံသောဆံပင်ရှည်နှင့် အမျိုးသမီးတစ်ဦးကို ပြသထားပြီး ထိုအမျိုးသမီး သည် ဆံပင်ကို မြှောက်ထားသည်။

ရန်လုချင်းသည် ဖန်သားပြင်ကို လက်မနှစ်ချက်ဖြင့် အလျင်အမြန် နှိပ်ကြည့်လိုက်ပြီး ၎င်းကို သဘောကျပြီးနောက် သူမ၏လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ပျံသန်းသွားသည်။

ရန်လုချင်းမှစာရိုက်နေလေသည်။: Good friend! စိတ်ချယုံကြည်စွာနဲ့ တိုက်ရိုက်နှုတ်ဆက်ပါ့မယ်။မင်္ဂလာပါ ဇနီးလေး။

ကုစစ်: "......"

Why The Big Villain Hasn't Run AwayWhere stories live. Discover now