Ch-5.3
လူအနည်းငယ် မတ်တပ်လာရပ်ပြီးမကြာခင်တွင် သခင်လေးဂျင်း၏ကိုယ်စား တစ်စုံတစ်ယောက်သည် ပစ္စည်းကိုလာယူဖို့ ပြောသံကိုကြားရသည်။
ရန်လုချင်း သည် အနက်ကြီးကို ပစ္စည်းလက်ခံဖို့အချက်ပြလိုက်သည်။သူမ၏လှုပ်ရှားမှုမှန်သမျှ သခင်လေးဂျင်း၏နားထဲသို့ကြားမည်ကို သိနေလျက် သူမသည် လက်ပိုက်၍ ရှင်းရှင်းလင်းလင်းပြောခဲ့သည်။
"ဟက်၊စိတ်ရင်းမမှန်ဘူး"
တစ်စုံတစ်ယောက် သည် အလုပ်ပြီးသောအခါ ပြေးထွက်သွားချိန် အနက်ကြီး သည် ပစ္စည်းကို ကုစစ်၏လက်ထဲသို့ပေးလိုက်သည်။
ရန်လုချင်းလည်း ရောက်လာ၍ ကုစစ်ကို အနီးဆုံးစားပွဲဝိုင်းသို့ဆွဲခေါ်သွားကာ ထိုင်ချ၍ တိုက်တွန်းလိုက်သည်။"ဖွင့်ကြည့်ပြီးတချက်စစ်ကြည့်ချင်လား?"
ထိုအခိုက်တွင် နေရာတွင်ရပ်နေသော အနက်ကြီးသည် ရုတ်တရက် အနက်လေးကိုဖမ်းဆုပ်၍ အသံခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်သည်။"ဒီမနက်ခင်းလုပ်ဆောင်ချက်တွေနဲ့ရင်းနှီးစေဖို့ မင်းကိုပြောပြပေးမယ်" ထို့နောက် သူ သည် ကုစစ်နှင့်ရန်လုချင်းတို့၏ ၁၀မီတာအကွာဆီသို့လျှောက်သွားသည်။
ရန်လုချင်း၏အကြည့်သည် ကုစစ်၏လက်ဆီသို့အာရုံစိုက်ထားသည်။သူ၏သေးသွယ်သောလက်၁၀ချောင်း သည် ဖြူဖွေး၍ပိန်ပါးသည်။အနက်ရောင်ဝတ်စုံကြောင့် လက်ချောင်းများသည် မျက်စိစားဖွယ်ဖြစ်သော်ငြား အင်္ကျီလက်ကြောင့် သေချာမမြင်ရချေ။
"ငါ ရှင်းရှင်းလင်းလင်းမမြင်ရလို့ စစ်ဖို့မလိုဘူး၊ပြသာနာတစ်ခုခုရှိရင် ငါပြန်ရမှာတောင်မဟုတ်ဘူး"
အဓိပ္ပာယ်ရှိတယ်။
ထို့နောက် ကုစစ် ဆက်ပြောလိုက်သည်။"ဖုန်းကိစ္စနဲ့ပတ်သက်လို့ မင်းကိုကျေးဇူးတင်တယ်"
သူ သည် ထိုစကားကို အလွန်တောင့်တင်းစွာပြောလိုက်သည်။
သူမ၏မျက်နှာချင်းဆိုင်ရှိ ကုစစ်၏မျက်နှာဘေးကိုကြည့်မိသည်။နေကာမျက်မှန်သည် သူ့မျက်နှာအများစုကိုဖုံးလွှမ်းထားသည်။သူ့မေးရိုးနှင့် မေးရိုးကျောသာမြင်ရသည်။
YOU ARE READING
Why The Big Villain Hasn't Run Away
Roman d'amourMMtrans-32: Why The Big Villain Hasn't Run Away