Ch-11.4

62 12 0
                                    


Ch-11.4

ရန်လုချင်း ပြုံး၍ ယောက်ျားလေးများကြားမှ ကုစစ် ၏ မျက်လုံးများကို မသိစိတ်မှ လိုက်ရှာမိသည်။

—— သူဘယ်မှာနေပါစေ၊ သူ့တည်ရှိမှုကို အမြဲတမ်း အလွယ်တကူ ရှာတွေ့နိုင်တယ်။ယခုအချိန်တွင် သူ့မျက်နှာပေါ်ရှိ အပြုံးသည် လူတိုင်းလောက် ချဲ့ကားခြင်းမဟုတ်ပေ၊ သူ့နှုတ်ခမ်းထောင့်နှင့် မျက်လုံးထောင့်တွင် ခပ်ပါးပါးအပြုံးတစ်ခုရှိနေသည်။

ရန်လုချင်းသည် ထိုမျက်မှန်နောက်ကွယ်မှ အနည်းငယ်ကွေးညွတ်နေသော မျက်လုံးများကိုကြည့်နေခဲ့သည်။

ဒီခရီးစဉ်ကို လေးရက်၊ ငါးရက်လောက်ကြာအောင် စီစဉ်ထားတာမို့ အားလုံးက အဝတ်အစားတွေ ယူလာကြသည်။ယေဘူယျအားဖြင့် မိန်းကလေးများသည် ယောက်ျားလေးများထက် ခရီးဆောင်အိတ်ပိုများသည်။အားလုံးက ဟိုတယ်သို့ ထွက်ခွာရန် အဆင်သင့်ဖြစ်သောအခါ ယောက်ျားလေးများသည် မိန်းကလေးတို့၏ ခရီးဆောင်အိတ်များ သယ်ပေးဖို့ရာ ကူညီပေးရမည့် အချိန်ဖြစ်သည်။

ဒီအချိန်မှာပဲ ကားထဲမှဆင်းလာသောအခါ ရန်လုချင်း သည်​​သူမရဲ့ ခရီးဆောင်အိတ်ကို ကုစစ် ရဲ့လက်ထဲမှာ သယ်ဆောင်လာခဲ့တာကို သိလိုက်ရသည်။

ထို့ကြောင့် ယခုအချိန်တွင် သူတို့နှစ်ဦးသာ မတ်တပ်ရပ်လျက် လုံးဝမလှုပ်ရှားကြချေ။- ရန်လုချင်းမှာ ခရီးဆောင်အိတ်မရှိသလို ကုစစ် သည် အခြားလူများကို ခရီးဆောင်အိတ်သယ်ရန် မရည်ရွယ်ပါ။

ရန်လုချင်းလည်း လက်ဗလာဖြင့်နေဖို့တကယ်မဖြစ်နိုင်ချေ။ရှညီအစ်မတွေ၏ ပစ္စည်းသယ်ဖို့ ကူညီဖို့ အစပျိုးလုပ်ဆောင်တဲ့အခါ ရှယုထန် က ဒါကို ပြတ်ပြတ်သားသား သတိပြုမိခဲ့သည်။"Oh my God၊ကျောင်းမြက်ကြီးမှာ သခင်စိတ်ရှိတာငါမှတ်မိပါသေးတယ်"

ရှရွဲ့ထန် က သူ့ညီမပြောနေသည်ကိုသိရှိကာ ပြောလိုက်သည်။"ဟုတ်တယ်၊ ငါတို့အတန်းထဲက ကောင်လေးတွေက သူ့ကို ရေပို့ပေးပြီး အတန်းကိုယ်စားဘတ်စကက်ဘောကစားဖို့ တောင်းဆိုခဲ့တယ်။ဆရာကလွဲရင် သူမြင်ဖူးတဲ့ အရာတွေကို တခြားသူတွေဆီ ယူလာပေးတာဟ!"

ရန်လုချင်းသည် သူတို့နှစ်ဦးကြား ရှုပ်ထွေးသော ဆက်ဆံရေးကို မရှင်းပြနိုင်ဘဲ အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။"စကားမစပ်၊ ဘာလို့ သူတို့လက်ထဲမှာ ခရီးဆောင်အိတ်တွေ အများကြီး ရှိနေတာလဲ။ကောင်လေးတွေ ကူညီပြီးတာတောင် အများကြီး ကျန်နေသေးလား"

သူမသည် ရင်နင်အန်း၏နောက်လိုက်ငယ်နှစ်ယောက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ကောင်မလေးနှစ်ယောက်က လက်ကိုင်အိတ်ကို လက်တစ်ဖက်စီ ကိုင်ဆောင်ထားကာ အလွန်စိတ်အားထက်သန်နေပုံရသည်။

ရှယုထန် မှ "ဟယ်၊ သူတို့စရောက်တုန်းကတော့ ပစ္စည်းတွေ အများကြီးမယူခဲ့တာငါမြင်တယ်။အများစုဟာ ရင်နင်အန်း ရဲ့ ပစ္စည်းထင်တယ်" သူမက ရန်လုချင်းကို ပြုံး၍ပြောလိုက်သည်။"ပြောရင် "နောက်တော့ ရင်နင်အန်း က big ladyဟ၊ ချမ်းသာတဲ့မိန်းကလေးလေ။အရင်တုန်းကတော့ ကျွန်တော်တို့ အတန်းထဲက ကျောင်းသားတော်တော်များများက သူ့အပေါ်ကောင်းပေးကြတယ်။ဒါက သာမန်ကိစ္စပါပဲလေ"

ရန်လုချင်းက ခေါင်းညိတ်ပြပြီး သူမ နားလည်မှုကို ဖော်ပြခဲ့သည်။

မူလက အစီအစဉ်အတိုင်း ချောမွေ့စွာ လည်ပတ်နေခဲ့သည်။မှန်းဆလို့မရတဲ့ အခြေအနေတွေ ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ထားပေ။

ဟိုတယ်နဲ့ ပိုနီးလေလေ၊ တိမ်တွေက ကောင်းကင်မှာ လွင့်မောလျက်ရှိသည်။နောက်ဆုံးတွင် အားလုံးက ဟိုတယ်ရဲ့ ဧည့်ခန်းထဲကို ဝင်လိုက်တာနဲ့ နဂိုနေသာတဲ့နေ့ဟာပြောင်းလဲ၍ ကောင်းကင်ကနေ မိုးတွေ တဖွဲဖွဲကျလာသည်။

တောင်တက်ပွဲရဲ့ ပထမနေ့ အစီအစဉ်က အဆုံးသတ်သွားခဲ့သည်။လူတစ်စုက သက်ပြင်းတစ်ချက်ချကာ ဟိုတယ်check in ဝင်ခဲ့ကြသည်။

......

ဆယ်မိနစ်အကြာတွင်။

"F*ck-မင်းတို့နှစ်ယောက် တစ်ခန်းတည်းနေမလို့လား?" ပလက်စတာနံပါတ် 1 သည် ကုစစ် နှင့် ရန်လုချင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

"......"

"......"

Why The Big Villain Hasn't Run AwayWhere stories live. Discover now