Ch-6.2

84 13 0
                                    


Ch-6.2

သူမတကယ်ပဲထင်ယောင်ထင်မှားဖြစ်နေတာတော့မဟုတ်ဘူးမလား?

ရန်လုချင်း သည် စိတ်ထဲတွင် ဆိုရှယ်လစ်စနစ်၏ အဓိကတန်ဖိုးများနှင့်သိပ္ပံပညာများကို ၁၀ကြိမ်ရွတ်ဆိုကာ နောက်ဆုံးတွင် ထိုပူဖောင်းကို နှိပ်လိုက်သည်—

အပြာရောင် box သည် ဘောင်အတွင်းမှ စကားလုံးမျဉ်းများနှင့်အတူ စခရင်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်-

** ယုရှီက ကုစစ်အကြောင်းဘာလို့ထပ်မေးတာလဲ?အဲမျက်နှာဖြူမက ဘာများကောင်းလို့လဲ?ဒီသခင်လေးထက်ပိုကောင်းလို့လား?သေစမ်း!

"......"

ရန်လုချင်းမှာ မျက်ဖြူလန်မတက်ဖြစ်သွားသည်။

***သူက သာမန်ပါပဲ၊ယုံကြည်ချက်ရှိတယ်လား...

ဆိုတော့ကား။

ဒါတကယ်ကြီး ဂျင်းရှန်းရဲ့အတွင်းစိတ်အတွေးတွေလား?

အချိန်နှင့်တပြေးညီလား?

သီအိုရီအရ သခင်လေးဂျင်းက အခု ဆေးရုံးမှာ ပလက်စတစ်ခြေထောက်တဖက်ဖြင့် လှဲလျောင်းနေသင့်ကာ ဘယ်မှမသွားနိုင်သူဖြစ်သည်။သူ့မွေးနေ့ကိုပြန်တွေးတိုင်း သူ သေတာပိုကောင်းမယ်လို့ခံစားမိမယ်မဟုတ်လား?

ရန်လုချင်းက တိုက်ရိုက်စာရိုက်၍ သူ့ဆီသို့မက်ဆေ့ချ်ပို့လိုက်သည်။

YLQ: 【ခြေထောက်တွေ သက်သာသွားပြီလား】

ထို့နောက် သူမ စောင့်ဆိုင်းနေသည်။

စက္ကန့်၃၀မျှကြာပြီးနောက် မက်ဆေ့ချ်၏ညာဘက်ခြမ်းတွင် 'ဖတ်ဖို့ရာ'notificationတစ်ခုပေါ်လာသည်။

ရန်လုချင်း:..ဒါက အချိန်အတော်ကြာဖြတ်ပစ်လိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များလား???

ဒီစာကိုတဖက်မှဖတ်ပြီးကြောင်းပြသပြီးနောက် အနီရောင်တောက်တောက်ပူဖောင်းအုပ်စုတစ်စုသည် ထိုနေရာတွင် ပေါ်လာပြီး ၎င်းတို့မှာ အလွန်စိတ်လှုပ်ရှားစွာဖုန်းစခရင်န်ထဲ ပြေးလွှားနေပုံပေါ်သည်။

ရန်လုချင်းသည် '၂'ကြိမ်မျှ နှိပ်လိုက်ပြီး ဖန်သားပြင်ပေါ်မှာ တောက်ပတဲ့ အနီရောင် box ၂ ခုပေါ်လာသည်။

Why The Big Villain Hasn't Run AwayWhere stories live. Discover now