Ch-3

183 20 0
                                    


 Ch-3

ရန်လုချင်း သည် မူးဝေဝေနှင့် အခန်းထဲပြန်ဝင်လာခဲ့သည်။သူမ မတ်မတ်မရပ်နိုင်ခင် သူမ၏မျက်ဝန်း သည် အရိပ်တစ်ခုကိုမြင်လိုက်သည်။

သူမ သတိကပ်သွားကာ အနီးကပ်ကြည့်လိုက်ချိန် ၎င်းက လူသားမဟုတ်ပဲ စက်တစ်ခုဖြစ်သည်ကိုနားလည်သွားသည်။

ပို၍တိတိကျကျပြောရရင် ၎င်းစက်ရုပ်သည် လူသားနှင့်မတူ။ခေါင်းသည် ပြားသည်၊ခန္ဓာကိုယ်သည် သတ္တူဖြစ်ကာ PC computer နှင့်အလားတူသည်။ခန္ဓာကိုယ်၏အဆုံးတွင် ဘီးများပါရှိသည်။၎င်းသည်လမ်းလျှောက်လာရာတွင် ဖုန်စုပ်စက်တွင် PC ကွန်ပျူတာ၏ အမြင်အာရုံကို ထည့်သွင်းထားသော စက်ရုပ်နှင့်အလားသဏ္ဍာန်တူသည်။

ထိုအရာ သည် ငါး လည်းမဟုတ်၊ ငှက်လည်းမဟုတ်ပါ၊ ထိုအရာ သည် ရန်လုချင်း၏အရှေ့ဆီသို့ ရွေ့လာကာ ကွန်ပြူတာကဲ့သို့ပါးချပ်ချပ်ဉီးခေါင်းမှာ စက်ပိုင်းဆိုင်ရာအမျိုးသမီးအသံတစ်ခုထွက်ပေါ်လာသည်။"သခင်၊ရေချိုးရေ အသင့်ဖြစ်နေပါပြီ"

ရန်လုချင်း : "..."

၎င်း သည် ရုပ်ထွက်ဆိုးသော်လည်း၊ ထိုဉာဏ်ရည်တုသည် အံ့မခန်းဖြစ်သည်။၎င်းထံမှ 'သခင်' ဟု အခေါ်ခံရခြင်းသည် ကို့ရို့ကားယားဖြစ်ဖို့ကောင်းသည်။

ရန်လုချင်း သည် လက်ကိုင်ထားသူတစ်ဉီးတည်းဖြစ်သည်။သူမ ချက်ချင်း ၎င်းကိုလှမ်းကြည့်လိုက်ရာ ကုဒ်နာမည်တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။'သခင်' ကုဒ် သည် စက်ထဲပါဝင်သော ကနဉီးကုဒ်ဖြစ်ပုံပေါ်ကာ မူလပိုင်ရှင်းမှ ၎င်းကို အရင်က မသတ်မှတ်ခဲ့တာမျိုးမဟုတ်ချေ။ထို့ကြောင့် သူမ စိတ်တိုင်းကျပြင်ဆင်နိုင်သည်။

ရန်လုချင်း သည် စဉ်းစား၍ "မာရီယာ' ဟု ပြောင်းလဲလိုက်သည်။

— သူမ သည် အချိန်တိုင်း သူမကိုယ်သူမ သတိပေးဖို့ရန်အချိန် ဤကုဒ်နာမည်ကို သုံးခဲ့ခြင်းဖြစ်သည်။— သူမ သည် ဤအခြေအနေတွင် ရှိနေကတည်းက အလွယ်တကူလုပ်ဆောင်ရမည်။အလွယ်တကူဒေါသမထွက်ပါနဲ့၊ စစ်မှန်သောအပျိုစင်မယ်ရီထံမှ သင်ယူ၍ ကမ္ဘာကြီးအတွက် အပြစ်ဖြေခြင်းကို ပြုလုပ်ရမည်။

Why The Big Villain Hasn't Run AwayWhere stories live. Discover now