Ch-11.3

87 14 0
                                    


Ch-11.3

ရန်လုချင်းသည် သူ့ရှေ့တွင် လျှို့ဝှက်ချက်မရှိဟု ရုတ်တရက် ခံစားလိုက်ရသည်။

သို့သော် သူမသည် ယခုအချိန်တွင် မမှတ်မိတော့ကြောင်း ပြန်ပြောပါက၊ ကုစစ် ကို 'အနားယူရန်' တွန်းအားပေးခဲ့သော သူမ၏ တောင်းဆိုမှုကို သူမ ရှင်းပြနိုင်မည်မဟုတ်ပေ။

"အင်း..သူတို့ထဲက တချို့ကို သတိရမိတယ်" ရန်လုချင်းက စိတ်အေးလက်အေး ဟန်ဆောင်၍ပြောလိုက်သည်။"ဘာပဲဖြစ်ဖြစ် ငါတို့က အတန်းဖော်တွေဖြစ်တာကြာပြီ၊ အိမ်မှာနေတာထက် ရင်းနှီးတဲ့သူတွေနဲ့ ပေါင်းသင်းရတာ ပိုကောင်းတယ်"

စကားစမြည်ပြောရင်း နှစ်ယောက်သား သစ်ပင်ရိပ်သို့ ရောက်လာကြသည်။

အလွန်ချစ်ဖို့ကောင်းပုံရသော ဘလောက်ဆံပင်ညှပ်ထားသော မိန်းကလေးသည် နီမြန်းနေသည့်မျက်နှာဖြင့် ရန်လုချင်းဆီသို့ အရင်ဆုံးလျှောက်လာသည်။

"......"

"နင်က..ရန်လုချင်မလား?"ထိုမိန်းကလေး၏မျက်ဝန်းကြီးထဲတွင် အံ့ဩနေသောအရိပ်အယောင်များစွန်းထင်းနေသည်။"ဘုရားရေ၊ငါနင့်ကိုမတွေ့တာအတော်ကြာပြီနော်၊နင်တကယ်ကြီးလှလာလိုက်တာဟယ်!နင့်ရုပ်ရည်ကြောင့်ငါတို့တောင်ရူးကြောင်ကြောင်ဖြစ်သွားတယ်။နင်လာမယ်လို့သာမပြောခဲ့ရင် နင့်ဘေးမှာကျောင်းမြက်ကြီးရှိနေလို့သာမဟုတ်ရင် ငါတို့နင့်ကိုတကယ်မှတ်မိမှာမဟုတ်ဘူး! "

ထို့နောက် သူ့ခေါင်းကို ထပ်ခါယမ်းလိုက်သည်။"အိုး၊ ငါပြောဖို့မေ့နေတယ်၊ငါတို့ဘယ်သူလဲဆိုတာ နင်သေချာမသိပေမယ့် ငါတို့ဘယ်သူလဲဆိုတာသိဖို့က သိပ်နောက်မကျသေးဘူး! ဟယ်လို၊ ငါ့နာမည်က ရှယုထန်၊ငါနဲ့တူတဲ့သူက ငါ့အမွှာအစ်မက ရှရွဲ့ထန်ပါ။"

ရှရွဲ့ထန် သည် သူ့ညီမနှင့် ဆင်တူသော စရိုက်ရှိပြီး ရန်လုချင်းကို အားရပါးရ နှုတ်ဆက်သည်- "လှလိုက်တာ၊ ဒီကိုလာလေ။ငါတို့နှစ်ယောက်က နင့်ကိုအားလုံးနဲ့မိတ်ဆက်ပေးမယ်"

အဲဒီနောက်တော့—

ဒရာမာဇာတ်ကွက်များ၏ ကွက်ကွက်ကွင်းကွင်း အနက်ပြန်ဆိုချက်မှာ [ရင်းနှီးသောလူများ]ဟူ၍ ဖြစ်သည်။

Why The Big Villain Hasn't Run AwayWhere stories live. Discover now