Ch-12.1

86 11 0
                                    


Ch-12.1

ရန်လုချင်း ဤနေရာတွင် အေးခဲနေစဉ် အနက်ကြီး ပြန်ရောက်လာပြီး ယုတ်မာသောလူကို ခေါ်ဆောင်သွားကြောင်း သတင်းပို့သည်။

ဇာတ်လိုက်မင်းသမီး ကျန်းပိုင်ချုး က သူမကို ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားပြီး မကြာခင်တွင်ပြန်တော့မည်ဟု ပြောခဲ့သည်။ရန်လုချင်း သည် ကျန်းပိုင်ချုး၏ WeChat ကို တိတ်တဆိတ် ပေါင်းထည့်ကာ ဇာတ်လိုက်မင်းသမီးထွက်သွားသည်ကိုကြည့်နေခဲ့သည်။

'မာကာဘကာ' က သူမ၏စိတ်ထဲမှမေးခွန်းထုတ်သည်။ "ဒါဆို မာရီယာ ဘာကြောင့် ဇာတ်လိုက်မင်းသမီးကိုကယ်တင်ချင်ခဲ့တာလဲ?သူမနဲ့ဆုံတာတကယ်ပဲတိုက်ဆိုင်မှုပဲလား?"

"ဒီချစ်စဖွယ်လေးကို အနိုင်ကျင့်လုနီးပါးဖြစ်တာကို ငါမြင်တော့ ရှေ့ကို ပြေးသွားခဲ့မိတယ်"

"...ဒါပေမယ့် သူမကို နည်းနည်းတွန်းပေးရုံတင်ပါ၊ပြီးရင် ဇာတ်လိုက်က သူမကိုကယ်တင်ဖို့ ထောင့်တထောင့်ဆီကနေချက်ချင်းပေါ်လာမှာလေ!"

ရန်လုချင်း က ခိုင်လုံသောအကြောင်းပြချက်ဖြင့် သတ္တိရှိရှိပြောလိုက်သည်။- "ဒါပေမယ့် ငါအဲဒါကို မသိဘူး။အလှလေးကို အနိုင်ကျင့်လို့ မရဘူးဆိုတာပဲ ငါသိတယ်!"

'မာကာဘကာ': "..." ယုံကြည်ပါတယ်။

ရန်လုချင်း၏ စိတ်ထဲတွင်လည်း ရှုပ်ပွနေသည်။မာကာဘာကာ ပေါ်လာတုန်းက ဘာပြောခဲ့တာလဲ သူမစတင်တွေးမိလာသည်။

——ဇာတ်ကွက်ကို ပြောင်းလဲလို့မရဘူး။

အသေးစိပ်အသေးစိတ်အချက်များ စိတ်ကြိုက်ပြောင်းလဲနိုင်သည်ဟု ဆိုလိုသည်မှာ၊ ၎င်းသည် အခြားသူတစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။ကူးပြောင်းလာသူကဲ့သို့မည်သည့်နိုင်ငံခြားသားမဆို မူရင်းဇာတ်ကွက်တွင် မူရင်းအခန်းကဏ္ဍကို အပြည့်အဝလိုက်နာနိုင်သည်—သို့သော် ဇာတ်လိုufသည် မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် ပေါ်လာမည်ကဲ့သို့သော ယေဘုယျဦးတည်ချက်ကိုတော့ ပြောင်းလဲ၍မရပါ။

သူမ လိပ်ပြာတောင်ကို ဘာအတွက် လာတာလဲ။

systemပြောသလို မူရင်းဇာတ်လမ်း၏ ယေဘုယျ လမ်းညွှန်ချက်ကို လိုက်နာရန်အတွက်ဖြစ်သည်။

သို့သော် သူမက ဒီလှိုင်းရဲ့ ဦးတည်ရာကို ကြီးကြီးမားမား ပြောင်းလဲမိသွားတယ်ပေါ့?

သူမ က f*cking ဇာတ်ရုပ်၏အခန်းကဏ္ဍကိုပင်ပြောင်းလဲခဲ့မိတာပေါ့!!

သူမခေါင်းထဲတွင် 'မာကာဘာကာ'၏ အသံသည် အလွန်ကြေကွဲစွာထွက်ပေါ်လာသည်– "အခု ဘာလုပ်ရမလဲ... အခု ဘာလုပ်ရမလဲ... ငါရာထူးယူထားတာမကြာသေးဘူး၊စောစောစီးစီး host နောက်တယောက်စီမပြောင်းချင်ဘူး၊ဟစ်..မာရီယာကတကယ်ကိုချစ်ဖို့ကောင်းတာကို..."

ရန်လုချင်း : ဟုတ်တယ် မဟုတ်လား ? ငါသေရတော့မှာလား???

သာသာမှ
ဒီနိုဗယ်လေး tele မှာ ပြီးတော့ပါမယ်နော်။

Why The Big Villain Hasn't Run AwayWhere stories live. Discover now