လျော့ရဲရဲ ထိုင်နေတဲ့ ပုံစံက CEO နဲ့လားလားမှ မတူ။အသက် ၂၂နှစ်လောက်နဲ့ အကြီးမားဆုံးလုပ်ငန်းစုကြီးကို ဦးဆောင်နေရတယ်ဆိုပြီး သူ့ကိုယ်သူ ဘဝင်မြင့်လှသည်။
"ဒီည မပြီးမချင်း မပြန်ရဘူး"
"အလုပ်ချိန်က ညနေ ၅နာရီအထိပဲ"
"အထက်လူကြီးက OverTime ခေါ်ရင် ငြင်းပိုင်ခွင့်မရှိဘူး"
"ဝန်ထမ်းဘက်က အချိန်ပိုမဆင်းချင်ရင် အတင်းအကြပ် ခိုင်းပိုင်ခွင့်မရှိဘူး"
ပြောပြီးသည်နှင့် ထယ်ယောင်းလဲ ဖိုင်တွဲကို ကောက်ယူပြီး ပြန်ထွက်လာသည်။ကိုယ့်ထက် ငယ်နေပေမယ့် လူကို အပေါ်စီးကနေ ပြောဆိုသည်ကိုလဲ လားလားမှ မကြိုက်သလို သူ့ပုံစံ၊သူ့စရိုက်ကိုလဲ တစက်မှ မကြိုက်။
သူပြန်ရောက်လာပြီးထဲက ထယ်ယောင်းစိတ်ညစ်ရသည်။ ပြန်ရောက် ခါစကတော့ သူနှင့် မတွေ့အောင် ရှောင်နေလို့ ရပေမယ့် ယခုတွင်မရတော့ ။ကိုယ့်ရဲ့ အထက်လူကြီးဖြစ်နေပြီး နေ့စဉ် Report တင်ပြနေရသည့်အဖြစ်။ သူပြန်ရောက်တာ တစ်ပတ်ပဲရှိသေးသော်လည်း သူလူကို ရစ်နေသည်မှာ အခေါက်ပေါင်းများစွာဖြစ်နေပြီ။
"ရပ်လိုက်စမ်း ကင်မ်ထယ်ယောင်း"
သူ့ထက် ၂နှစ်ကြီးသူကို နာမည်တပ်ခေါ်နေတာ ။
မရပ်ဘဲ ဆက်လျှောက်လာလိုက်သည်။"အင့်"
ရုတ်တရက် လူက ယိုင်သွားပြီးနောက် ထယ်ယောင်း၏ ခန္ဓာကိုယ်တစ်ခုလုံး သူ့ရင်ခွင်ထဲ လုံးလုံးရောက်သွား၏။
ပြီးနောက် ပူပြင်း ခြောက်သွေ့သော အထိအတွေ့။
ထယ်ယောင်း၏ အနောက်ရပ်ဝန်းကို သူ့လက်ချောင်းဖြင့် ထိုးသွင်းနေသည်။လူကို သူအပိုင်ပစ္စည်းလို ပြုမူတတ်တာသည် မပြောင်းလဲဘူး....ဘယ်တော့မှ။
"အဟင်း ဟိုးတုန်းကလို ငြီးလိုက်ပါလား။ ဂျွန်လေးရေ ကောင်းနေပြီ ဆက်လုပ်ပေးပါ ဆိုပြီး..."
"မင်း...."
"မေ့နေမှာစိုးလို့ ပြောပြတာ"
*ဖြောင်း...ဖြောင်း*
သူ့မျက်နှာကို မှီရာဆွဲရိုက်သော်လည်း သကောင့်သားက မဖြုံ။