2

6.2K 640 52
                                    

ဂျောင်ကု၏ မေမေနှင့် ဖေဖေသည် လူကြီးချင်းသဘောတူ၍ လက်ထပ်ခဲ့ကြတာဖြစ်သည်။

ဂျောင်ကု၏ မေမေနှင့် ထယ်ယောင်း၏ မေမေမှာ ရင်းနှီးသည့် အိမ်နီးချင်းများဖြစ်ကြပြီး အရမ်းခင်ခဲ့ဖူးကြသည်။

မေမေ ဆုံးပါးပြီး နောက် မေမေ့၏ ဒိုင်ယာရီထဲတွင် တွေ့ခဲ့သည်က ဖေဖေနှင့် ထယ်ယောင်းမေမေက အရင်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး မိဘတွေသဘောမတူတာကြောင့် ကွဲကွာခဲ့ကြပြီး ယခု ပြန်ဆက်သွယ်နေကြသည် ဆိုသည့် သဘောရောက်စေသည့် စာမျက်နှာများ။ထိုစဉ်ကထဲက ထယ်ယောင်း‌ကိုရော ထယ်ယောင်းမေမေကိုပါ မုန်းပြီးကြည့်မရဝောာ့တာ ဖြစ်သည်။

တကယ်ကတော့ ပျော့ဖတ်ဖတ် ထယ်ယောင်းကို ငယ်ငယ်ထဲကကြည့်မရတာပင်။သောက်နှုတ်ခမ်းက ငယ်ငယ်ကထဲက ရဲစိုနေတာ အရမ်း ရုပ်ပေါက်တယ်။

မေမေက စိတ်ဆင်းရဲခဲ့ရသည့် ရက်များစွာကို ကျော်ဖြတ်ပြီးနောက် ဆုံးပါးခဲ့ရသည်။ဂျောင်ကု အသက် ၁၃နှစ်အရွယ်တွင် ဆုံးပါးခဲ့ဝာာဖြစ်တာကြောင့် မေမေမရှိတော့သည်မှာ ၅နှစ်ရှိခဲ့ပြီ။ ဒါပေမယ့် ဖေဖေနဲ့ ထယ်ယောင်းမေမေကဝောာ့ လက်မထပ်ခဲ့ကြပါ။

သူကလဲလက်မထပ်စေချင်။နေရင်းထိုင်ရင်း ကင်မ်ထယ်ယောင်းနဲ့ အမျိုးမဝောာ်ချင်ပါ ။

ကင်မ်ထယ်ယောင်းကို စိတ်ဆင်းရဲပြီး စိတ်ဒုက္ခရောက်စေချင်လို့ မနက်ကဆို အစောကြီးထပြီး လမ်းထိပ်က အသား‌ပေါက်စီ သွားဝယ်ခဲ့တာ။သူနိုးလာလို့ အသားပေါက်စီထုတ်ကို မြင်ရင် ပျော်မယ် ဒါပေမယ့် တစ်လုံးထဲ ပါလို့ စိတ်ဆင်းရဲသွားမယ် ဘယ်လောက်ကောင်းလိုက်သလဲ။

အဓိက က ကင်မ်ထယ်ယောင်း စိတ်ညစ်ရဖို့ပဲ။

____________

ထယ်ယောင်းစိတ်ညစ်ညစ်နဲ့ မေမေ့ဘေး ငူငိုင်နေမိသည်။မေမေကိုယ်တိုင်လဲ စိတ်ညစ်နေပြီး သားအမိနှစ်ယောက် ဘာစကားမှလဲ မပြောဖြစ်။

*ဒုန်းဒုန်း*

ထိုစဉ် အိမ်တံခါးကို ထုနေသည့်အသံတွေကြောင့် ‌မေမေက ဧည့်သည်ထင်တယ်ဟု ပြောပြီး ထွက်သွားသည်။ထယ်ယောင်းလည်း  အဝတ်အစားလဲရန် အပေါ်သို့တက်လာခဲ့လိုက်သည်။

Plan BWhere stories live. Discover now