အိမ်ရောက်တဲ့အထိ သူတို့စကားမပြောဖြစ်ကြပါ ။ ဦးလေးဂျွန်က ဧည့်ခန်းမှာမို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာသည့် ထယ်ယောင်းတို့ကို လိုက်ကြည့်ကာ ကျေနပ်နေပုံပင်။
"ထယ်ယောင်း...ဒီကိုခဏလာဦး။သားငယ်ရော ဒီကိုလာဦး"
ဦးလေးဂျွန်က သူ့ဘေးခုံကို ညွှန်ပြနေတာမို့ ထယ်ယောင်းရော ဂျောင်ကုရော ဝင်ထိုင်လိုက်သည်။
"သားတို့ ဘယ်တော့လောက် လက်ထပ်ကြမလဲ"
"ဗျာ"
ထယ်ယောင်း အသံတောင်အနည်းငယ်ကျယ်သွားရ၏။ဦးလေးဂျွန်က တပြုံးပြုံးဖြင့် ထယ်ယောင်းနှင့်ဂျောင်ကုကို မေးနေတာဖြစ်သည်။ဂျောင်ကုက သူ့အဖေကို တော်လိုက်တာ ဟု မပြောရုံတမယ်ပင်။
"ဟို...ကျွန်တော် တကယ်တာဝန်ယူပေးရမှာလား။ တကယ်တော့လေ ဂျောင်ကုက စနေဝာာပါ ဦးလေးရယ် ။ လက်ထပ်တဲ့အထိတော့ မလုပ်ပါနဲ့"
"ကိုကို...ဘယ်လိုပြောလိုက်တာလဲ...ရက်စက်လိုက်တာဗျာ"
ဂျောင်ကုက ငိုသံကြီးနဲ့ထပြောကာ အပေါ်သို့ ပြေးတက်သွား၏။ဒီကောင် ဘယ်လိုတောင် မျက်နှာပြောင်တိုက်ရတာလဲ။
"ထယ်ယောင်း...သားကို ဦးလေးက ကိုယ့်ဆွေမျိုးလို သဘောထားတာပါ။ဦးလေးသားလေးကို ခြေဝောာ်တင်ပီးရင်တော့ တာဝန်ယူပေးဖို့ ကောင်းပါတယ်။လက်မထပ်ချင်သေးရင်တောင် ဒီလကုန်ကျ စေ့စပ်ထားကြဖို့ တောင်းဆိုချင်တယ်။ဦးလေး က သမီးရှင် အဲ...သားရှင်အနေနဲ့ ဒီလောက်တောင်းဆိုနေတာ ကို လိုက်လျောပေးဖို့ကောင်းတယ်"
ဂျွန်မင်ဆူးလည်း ပြောပြီး ထရပ်ကာ ထယ်ယောင်းကို ကျောခိုင်းပြီး ပြုံးလိုက်၏။
"စေ့စပ်ပွဲအတွက် အဆင်သင့်ပြင်ထားပါ ထယ်ယောင်း"
သူ့အခန်းထဲကို ဝင်လာခဲ့လိုက်၏။ဒီလိုမှ သားငယ်ရော ထယ်ယောင်းရော ဘဝလေးတွေ အဆင်ပြေပြေနဲ့ ရပ်တည်နိုင်ကြမှာမဟုတ်ပါလား။ကိုယ့်သားအကြောင်းကိုယ်သိ၏။ထယ်ယောင်းကို ဒီကောင် အသေရရ အရှင်ရရ လိုချင်နေတာလဲသိ၏။ဒီလိုမှ သူဝင်မပါရင် တသက်လုံး စောက်အပြောအဆိုမတတ်တာနဲ့ ထယ်ယောင်းကို ရဖို့မပြောနဲ့ အနံ့တောင်ရှူရမှာမဟုတ်။ကိုယ်ဝင်ပါမှ ဖြစ်မယ့် ဇာတ်မို့ကို ဝင်ပါလိုက်ရခြင်းပင်။