"အဲတာနဲ့ပဲ မင်းက အနစ်နာခံလိုက်တယ်ပေါ့လေ။Jk ရာ သူငယ်ချင်းပေမယ့်ပြောလိုက်ပါဦးမယ်။မင်းက ရွံစရာလေးနော်။အရမ်းတွေနစ်နာသွားဦးမယ်"
ကျောင်းကို ဆိုင်ကယ်ဖြင့် သူထွက်လာတာဖြစ်ပြီး ဓာတ်ပုံကြောင့် သူငယ်ချင်းတွေကပါ အံ့ဩသွားကာ မေးသဖြင့် သူ ထယ်ယောင်းကို မူးနေတုန်း အခွင့်အရေးယူလိုက်တာဖြစ်ကြောင်း အတိုချုန်း၍ ပြောပြလိုက်သည်။
လောလောဆယ် ကျောင်းမှာ သူ့ကိုကွက်ကြည့်ကွက်ကြည့်ဖြင့် စပ်စုနေကြ၏။ပုံထဲက သူက ထယ်ယောင်းမှန်းသိတဲ့ သူတွေကလည်း သိကြပီမို့ ဂျီမင်းကတောင် သူ့သူငယ်ချင်းကျောင်းမလာလို့ လာမေးသွား၏။
"ဘာနေနေကွာ ဗိုက်ကြီးတာလဲ မဟုတ်ဘဲနဲ့လို့ ပြောစရာလား"
"စီနီယာပြောတာမှန်တယ်လေ ဗိုက်မှမကြီးတာပဲ"
အွန်ဝူးက စူပုတ်ပုတ်ဖြစ်နေသော ဂျောင်ကုကို အမြင်ကတ်လာသည်။ဒီကောင်သက်သက်ကြီး မွှေလိုက်တာ။
"မင်းကိုဘယ်သူမြှောက်ပေးတာလဲ။ဟိုကောင် မင်ဂယူလား"
"ဟေ့ ...ဟေ့ ငါ့အချစ်ကလေးနဲ့ဘာမှ မဆိုင်ဘူး"
ဘမ်ဘမ်က မင်ဂယူဘက်က ဝင်နာပြ၏။ကျက်သရေတုန်းလေးတွေ။စောက်ရမ်းချစ်နေရင်လည်း တွဲလိုက်ကြကွာ။
"သူများမြှောက်ပေးတိုင်း လိုက်လုပ်တဲ့ထဲ JK မပါဘူး။ တော်ပြီကွာ အတန်းတက်ဖို့လဲ စိတ်မပါဘူး ။ ဘားမှာပဲ အရက်သွား သောက် တော့မယ် လိုက်ကြမှာလား"
"သွားမယ်ကွာ"
သူတို့အုပ်စုလိုက် စုံနေတုန်း ကျောင်းမတူသည့် မင်ဂယူကို ဖုန်းဆက်ကာ ဘားမှာကြိုချိန်းထားလိုက်သည်။
Amazing Bar ဆိုသည့်အတိုင်း အတွင်းပိုင်းက ပုံပြင်ဆန်ဆန်လေးဖြစ်ပြီး VIP အများစုသာ လာတတ်၏။မင်ဂယူက လက်လှမ်းပြနေတာမို့ ဂျောင်ကုတို့ ထိုခုံသို့ တန်းလာခဲ့လိုက်၏။
သူတို့ရောက်တော့ ညနေဘက်မို့ လူတော့ အရမ်းမများနေပါ။
ဂျောင်ကုတို့လည်း စကားပြောလိုက် အရက်သောက်လိုက်ဖြင့် အချိန်အနည်းငယ်ကုန်သွား၏။