"ဟို...ကိုကို...ကိုကိုကလဲ ဂျွန်လေးကို ချစ်ပါတယ်"
"ဘယ်သူက အဖြေတောင်းသေးလို့လဲ"
"ဘာ"
"စတာပါ.. ကိုကိုက...ကျွန်တော့်ကို အစထဲက ချစ် နေဝာယ်ဆိုတာ သိသားပဲ"
ထယ်ယောင်း ဆီက အဖြေရရင် ရုပ်ရှင်တွေထဲက မင်းသားတွေလို ဟေးခနဲထအော်ကာ ပျော်သွားမယ် ထင်ထားတာ။ဒါပေမယ့် ဒင်းက ပြောင်နေသေးသည်။
"စတာပါဆို ...ကိုကိုကလဲ...စိတ်မကောက်ပါနဲ့ကွာ။မချော့တတ်ဘူးနော်"
ထယ်ယောင်းသူ့ကိုကျောခိုင်းပစ်တော့ လူကို အတင်းပြန်ဆွဲလှည့်သည်။တကယ်ပဲ ပေါ့ပျက်ပျက်နိုင်လိုက်တာ...
"ခင်ဗျားလိုလူဆီက ချစ်တယ်လို့ ကြားရတာကို မပျော်မယ့်သူရှိပါ့မလား။တကယ်က အရမ်းငမ်းငမ်းတတ်ပြရင် အနိုင်ကျင့်မှာစိုးလို့ ။အခုတောင် လူကို အနိုင်ကျင့်နေပြီလေ"
သူက ထယ်ယောင်းကို အနောက်ကနေ သိမ်းကြုံးဖက်ကာ ဆံပင်တွေကို ဖိကပ်နမ်း၏။
" ချစ်တယ်လို့ ပြန်ပြောပေးပါလား"
"မပြောတော့ဘူး...လာမဖက်နဲ့"
ထယ်ယောင်းပါးစပ်ကသာ ပြောနေတာပါ။ လူကတော့ မရုန်းကန်မိပါဘူး။
"ရပါတယ်...ကိုကိုက လူကို တကယ်ချစ်ဝာာမှ မဟုတ်ဝာာ။ကျောရရုံကြံခဲ့တာပဲကို။"
"အေး မင်းပဲပြောတော့။လောလောဆယ် နာနေတာက ငါပါ"
ထယ်ယောင်း သူ့ကို ခေါင်းအုံးနဲ့ပေါက်ပြီး ထလာခဲ့သည်။ရေချိုးခန်းထဲရောက်တော့ ပြုံးမိသည်။တကယ်ပဲ သူ ဂျောင်ကုကို ချစ်နေမိတာပဲ။ဂျောင်ကုနဲ့ အတူတူ နိုးထလာရသည် ကိုလည်း သဘောကျနေမိပြီဖြစ်၏။
"အေး...ပြော"
"အောက်မှာ ငါတို့ ရောက်နေတယ်"
"အေး ငါရေချိုးပီး ဆင်းခဲ့မယ်"
အွန်ဝူးဆီမှ ဖုန်းဝင်လာသည်မို့ ဂျောင်ကု ဘောင်းဘီဝတ်နေရင်းက ဖြေလိုက်သည်။
ညက ကားကျန်ခဲ့တာ လာပို့တာထင်၏။ရေချိုးခန်းတံခါးကို ခေါက်တော့ "ဘာလဲ" ဆိုပြီး မေးလာသည့် အသစ်ဆက်ဆက် ရည်းစားလေး ။အရမ်းချိုသာလွန်းနေတာမဟုတ်လား။