This part is Warning ⚠️⚠️
( မကြိုက်သူက ကျော်ဖတ်ပေးပါရှင်)"ကိုကို...ကျွန်တော့်ကို ချစ်ပေးလို့ရမလား"
သူရူးနေပြီလား...ဘာတွေလာပြောနေတာလဲ။ဒါက တောင်းဆိုနေတာလား။ခွင့်တောင်းနေတာလား ။ ရည်းစားစကားလား?
"ချစ်ပေးရအောင် မင်းနဲ့ငါက ဘာဆိုင်လို့လဲ"
ထယ်ယောင်းကို အောက်သို့ ချပေးလာပြီး ထယ်ယောင်းရဲ့ ခါးကို သူ့ဘက်ဆွဲသွင်း၍ ဖက်ထားပြန်၏။ထယ်ယောင်းမှာလဲ သူ့ဘက်ကိုပါသွားရင်းက မရုန်းမိတဲ့အဖြစ်။
"ဆိုင်ချင်တာလား ကိုကိုက"
"မဆိုင်ချင်နေပါဘူး"
ထယ်ယောင်းခေါင်းစောင်းလိုက်တော့ စောင်းသည့်ဘက်ကို သူ့ကလိုက်ငဲ့ကြည့်သည်။ထယ်ယောင်း အဟုတ်ကို ရင်တွေခုန်လာတာဖြစ်၏။သူ့ရင်ဘတ်ကြီးကို လက်ဖြင့်တွန်းကန်ထားပေမယ့် သိပ်တော့အားမပါလှ။
"ဟုတ်လို့လား"
"ဂျောင်ကု မင်းနော် ရဲတင်းမလာနဲ့။ဖယ်...လွှတ်အိမ်ပြန်ချင်ပြီ"
"ဂျွန်လေး...ကျွန်တော့်နာမည် ဂျွန်လေး။ကိုကိုက ဂျောင်ကုလို့ပဲ ခေါ်နေမယ်ဆို လွှတ်မပေးတော့ဘူး"
ထယ်ယောင်းငြိမ်နေတော့ သူက ထယ်ယောင်း နဖူးပေါ်ကျနေသည့် ဆံပင်တွေကို လေဖြင့်မှုတ်ထုတ်သည်။သူ့ကို ထယ်ယောင်း ဘာလို့များ မငြင်းနိုင်ရတာလဲ။
"ကိုကိုလို့"
"ဂျွန်လေး ငါ့ကို လွှတ်ပေးတော့"
ဂျောင်ကုကတိတည်စွာ လွှတ်ပေးလိုက်၏။ထို့နောက် သူက ထယ်ယောင်းကိုယ်ပေါ်ကို သူ့ရဲ့ အနွေးထည်ကို ထပ်ဝတ်ပေးလိုက်၏။ထယ်ယောင်းက သူ့ထက်ကြီးပေမယ့် အခုကျ သူက ထယ်ယောင်းကို ကလေးတစ်ယောက်လို ပြုမူပေးနေမိပြန်၏။
ဒီကိုကိုသေးသေးလေးကို တကယ်ချစ်နေမိလို့ ဘယ်လိုလုပ်ရပါ့မလဲ။
ပြီးနောက် ထယ်ယောင်းရဲ့ လက်ချောင်းကလေးတွေကို သူ့လက်တွေနဲ့ ယှက်တွဲလိုက်၏။ပြီးနောက် ရှေ့ဆက်သွားရအောင် ဟု ပြောလိုက်သည်။
"မင်း ကားရော"
"ကိုကိုက ဘတ်စ်စီးမှာမဟုတ်လား။လိုက်စီးပေးမလို့လေ"