7

6.2K 678 155
                                    

ထိုနေ့က သူတို့ခြံဘေးကို လူသစ်တွေပြောင်းလာကြသည်။လူသစ်ဆိုပေမယ့် သားအမိနှစ်ယောက်ထဲ ဖြစ်၏။ မေမေနှင့်ဖေဖေကို အိမ်တက်မုန့်လာ ပေးရင်းမှ ဖေဖေနဲ့က အသိတွေဖြစ်လို့နေကြ၏။

အန်တီကင်မ်ဂျီယွန်း ဘေးတွင် ရပ်နေသည့် ကောင်လေးသည် သူ့ထက် ၂နှစ်ကြီးသည်တဲ့လေ။သူက ထိုစဉ်က ၁၂နှစ်ဖြစ်ပြီး ထိုကောင်လေးက ၁၄ နှစ်ဖြစ်၏။ထိုကောင်လေး၏ မျက်နှာသည် ထိုစဉ်ကထဲက ပျော်ရွှင်မှုတို့ကိုသာ ပိုင်ဆိုင်ထားရမှန်းသိသာလွန်းစွာ ကြည်လင်နေ၏။သူ့ကိုပြုံးပြလာသည့် အပြုံးလေးကပင် သူ့ရဲ့ ပထမဆုံးအချစ်ကို ပေါ်ပေါက်စေခဲ့သည်လား မပြောတတ်။

သူ နေ့စဉ် ဘေးအိမ်က ကောင်လေးကို ငေးကြည့်ခဲ့မိသည်။ဘေးခြံမှာ သူငယ်ချင်းတချို့ဖြင့် ရယ်နေသည့် အသံလေးကို ခိုးနားထောင်ဖူး၏။အသားပေါက်စီ ကြိုက်တတ်သူမို့ နေ့တိုင်း နီးပါး စောစောထ၍ ကင်မ်ထယ်‌ယောင်း မသိအောင် တစ်ရက် ၃လုံး ဝယ်ပေးခဲ့ဖူး၏။

ကျောင်းမတူသေးသဖြင့် အထက်တန်းကျောင်းကို ညနေစောင်းဆို အရင်ကြို၍ သွားစောင့်နေတတ်ပြီး စက်ဘီးအနီလေး ထွက်အလာကို သစ်ပင်အကွယ်မှ စောင့်ကြည့်ခဲ့ဖူး၏။

နှုတ်ခမ်းရဲရဲလေးတွေကို အမှန်အတိုင်းပြောရလျှင် လက်ညိုးကလေးနှင့် ထိတို့ချင်ခဲ့မိသည်။

သူ့ကိုယ်သူ သဘောပေါက်မိခဲ့သည်က ကင်မ်ထယ်ယောင်းကို စစတွေ့တဲ့ နေ့‌ထဲက အရမ်းသဘောကျနေခဲ့ခြင်းပင်။

ထိုအချိန်က ဂျောင်ကုသည်လည်း ဖေဖေ၊မေမေတို့ဖြင့် ပျော်ရွှင် ခဲ့ရဖူးသည်။သို့သော် မေမေ က နှလုံးရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။

မေမေ မဆုံးခင်က သူ့လက်ထဲ စာအုပ်လေးတစ်အုပ်ထည့်ပေးခဲ့သည်။သူမသစ္စာဖောက်ခံခဲ့ရတာဖြစ်ကြောင်းကိုလည်း ပြော၏။ လူတစ်‌ ယောက်ကို ချစ်မိလျှင် အများကြီး နာကျင်ရကြောင်း ၊ချစ်တာကို ထုတ်မပြသင့်‌ကြောင်း ၊ထုတ်ပြလျှင် အနိုင်ယူတတ်ကြကာ မေ‌မေ့လိုခံစားရမည်ဖြစ်ကြောင်း ငိုကာ ပြောပြ၏ ။ စာအုပ်ကို ဖတ်ကြည့်သည့် အချိန် မေမေ့ကိုသနားခဲ့ရပါသည်။

Plan BWhere stories live. Discover now