ထယ်ယောင်းတို့ ထောင်းစရာရှိတာထောင်းပြီး ရုပ်ရှင်ကြည့်နေတုန်း ဂျောင်ကုဖုန်းကို message ဝင်လာဟန်တူသည်။ဂျောင်ကုက ထုတ်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံး၏။ပြီးနောက်
"စောက်ကြောက်...အာချောင်ဖို့ပဲသိတဲ့ မအေဘေးလေး"
"ဘာဖြစ်တာလဲ ဂျွန်လေး"
"Zico လေ နိုင်ငံခြားကို ပြေးပီတဲ့ ။"
"ဘာလဲ မင်းတို့ရန်ဖြစ်ဖို့ ချိန်းထားတာလား"
"ဟုတ်တယ်လေ။အဲ့ ခွေးသားက ကိုကို့ကို ဘာတွေပြောသွားလဲ မှတ်မိတယ်မလား"
"မကြိုက်ဘူးနော် ဂျွန်လေး။ရန်ဖြစ်တာကို ကိုကို တကယ်မကြိုက်ဘူး။နောက် ရန်မဖြစ်ရဘူးနော် ကြားလား"
"ကိုကို့ ကို အနိုင်ကျင့်နေရင်ရော ဒီတိုင်းရပ်ကြည့်နေရမှာလား"
"ဘာပဲဖြစ်ဖြစ် နောက်ကို ရန်မဖြစ်ဘူးဆိုတဲ့ ကတိပေး"
ဂျောင်ကုက ဘာမှ ပြန်မဖြေ။ထယ်ယောင်းစကားကို ဒီလောက်လေးတောင် နားမထောင်ရင် ဆက်ကို မပြောချင်တော့။သူ့အတွက်ပြောနေတာ ကို သိဖို့ကောင်းသည်။
"ဟေး...ဘယ်လဲ မပီးသေးဘူးလေ"
"တော်ပြီ..မကြည့်ချင်တော့ဘူး"
ထယ်ယောင်း ထထွက်လာခဲ့တော့ သူကအနောက်ကနေ လိုက်လာသည်။
"ရန်ဖြစ်တာကို... ကိုကို မကြိုက်ရင် မဖြစ်တော့ပါဘူး။"
အပြင်ရောက်တော့ ထယ်ယောင်းပုခုံးတွေကို ဖက်ပြီး ထိုသို့ပြော၏။
"မဆိုင်ဘူး။ငါနဲ့မဆိုင်လို့ မင်းကို မပြောတော့ဘူး။ရန်ဖြစ်ချင်လဲဖြစ်တော့။မင်းနဲ့ငါလဲ ရှေ့ဆက်ဖို့ကို စဉ်းစားရလိမ့်မယ်"
ထယ်ယောင်းသူ့လက်ကိုပုတ်ချပြီး သူ့ရှေ့ကနေ အရင်ထွက်ကာ ကားပါကင်ကိုသွားလိုက်သည်။သူ့ကားကို တွေ့တော့ မတ်တပ်ရပ်စောင့်နေသော်လည်း ဂျောင်ကုက လိုက်မလာသေး။ဘယ်ကို ဝင်နေပြန်ပီလဲ မသိဘူး။
ဂျောင်ကုကို စောင့်ရတာစိတ်မရှည်သဖြင့်ဖုန်းခေါ်လိုက်သည်။
"မင်းဘယ်မှာလဲ ငါစောင့်ရတာကြာနေပီ"
"ခေါင်မိုးထပ်မှာ"