"ခင်ဗျား ရည်းစားမထားဖူးဘဲ ဘာလို့ နမ်းတတ်နေရတာလဲ"
လူကိုဖယ်ခွယ်သွားပြီး ရိသဲ့သဲ့ပြောလာသူ။သူတစ်ယောက်ပဲ လူကို ထိကပါးရိကပါးလုပ်ရဲဝာာလေ။နမ်းတာကတော့ ကိုယ်လဲ ယောင်္ကျားလေးပဲ ဒီလိုပဲ ဟိုကြည့်ဒီကြည့်နဲ့ တတ်တာပဲပေါ့။
ထယ်ယောင်းဘာမှ ပြန်မဖြေဘဲ ကားမောင်းလာဝောာ့ စူပုတ်နေပြန်သည်။ဘာတွေအလိုမကျသွားသလဲတော့မပြောတတ်။ပြုမူချင်တိုင်းပြုမူခံရတာက ဒီမှာပါနော်။သူကပဲ တပြန်မကျေနပ်ရတယ်လို့။
အိမ်ရောက်ဝောာ့ ဦးလေးဂျွန်ကမရောက်သေးတာကြောင့် ထယ်ယောင်းကံကောင်းသွားသည်ဟုထင်သည်။ဘာပဲဖြစ်ဖြစ် သူ့သားဒဏ်ရာတွေမြင်ရင် စိတ်ပူရဦးမှာပင်။
ဒါပေမယ့် ဦးလေးဂျွန်ပြန်လာတော့ ဂျောင်ကုကို အောက်ကနေ လှမ်းခေါ်နေတာကြားသည်ကြောင့် ထယ်ယောင်းလည်း ဆင်းလာခဲ့သည်။
ကျောင်းအုပ်ကြီးက တိုင်လိုက်ဟန်တူ၏။ဂျောင်ကုက အဆူခံနေရသော်လည်း ခပ်တည်တည်။ထယ်ယောင်းလည်း ခေါင်းငုံ့ထားပြီး အဆူခံရန် စောင့်ဆိုင်းနေသော်လည်း မဆူပါ။ဂျောင်ကုသာ လှိမ့်ဆူခံနေရသည်ကြောင့် အားနာလာသည်။
"ဦးလေး ဂျောင်ကုက ကျွန်တော့်ကြောင့် ရန်ဖြစ်ရတာပါ"
"ဟေ...ဘယ်လို"
"ပေါက်ကရတွေပြောမနေနဲ့ ဟိုသူတောင်းစားကို အစထဲက ကြည့်မရလို့ထိုးလိုက်တာ။ခင်ဗျားကြောင့် ရန်ဖြစ်တာမဟုတ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့"
"ကလေးကို အော်ပြန်ပြီ။ဂျောင်ကု မင်းကို မိတဆိုးလေးဆိုပြီး ဖအေက အလိုလိုက်ထားတာနော် ။သိပ်ကမ်းတက်မလာနဲ့။အမေရိက က မင်းဦးလေးဆီ ပို့လိုက်မယ် ဘာမှတ်နေလဲ"
"မသွားဘူး နော် ဖေဖေ လုံးဝပဲ "
"ဘာလို့ အကြောက်အကန်ငြင်းနေရတာလဲ ဟိုမှာဆို မင်းပိုလွတ်လပ်မှာလေ"
သူက ထယ်ယောင်းကို ကြည့်လာသည်။ဆိုဖာခုံကနေထလာပြီး ထယ်ယောင်း ဆံပင်တွေကို ဆွဲဖွကာ
"ဒီကင်မ်ထယ်ယောင်းအတွက် Plan B မစရသေးလို့"
"ဘယ်လို"