"သားထယ်ယောင်း တမျိုးတော့မထင်နဲ့ ။ဦးလေးပြောတာ သေချာနားထောင်နော်။သားတို့နဲ့ဦးတို့ဆိုတာ ဆွေမျိုးလိုနေလာတာဆိုတော့ ဒီစကားပြောတာ စိတ်မကောင်း မဖြစ်ဘူးလို့ ထင်ပါတယ်။အခု သားမေမေကလဲ မရှိတော့တဲ့ အပြင် သားမှာ နေစရာ ၊စားစရာကပါ မရှိတော့ဘူးလေ။အဲတာကြောင့် သားကို ဦးလေးတို့ အိမ်မှာပဲလာနေစေချင်တယ်။ကျောင်းလဲ ဆက်တက်ရမယ်နော် ဟိုဟိုဒီဒီတွေလည်းလျှောက်မတွေးနဲ့။ဦးလေးကို ကိုယ့်အဖေလိုပဲ သဘောထား ဟုတ်ပြီလား"
ဂျွန်မင်ဆူးလည်း တတ်နိုင်သလောက်တော့ ထယ်ယောင်းနားလည်အောင် ပြောပြပြီး အကူအညီပေးနိုင်ဖို့ ကြိုးစားမိသည်။ထယ်ယောင်းဆိုတာ ကိုယ့်မျက်စိရှေ့တင်အရွယ်ရောက်လာတဲ့ ကလေးမို့ ဒုက္ခလဲမရောက်စေချင်ပါ ။ဒါကြောင့် ကူညီစောင့်ရှောက်ပေးဖို့ ပြောနေရခြင်းပင်။
ထိုစဉ် သားတော်မောင်က ဝတ်စားပြင်ဆင်ပြီး အပေါ်ထပ်မှ ဆင်းလာသည်။
"သားငယ်။ထယ်ယောင်းက ဒီအိမ်မှာနေမှာနော်။သားငယ်ကို အသိပေးထားတာ။ကလေးကို စိတ်ညစ်အောင် မလုပ်နဲ့"
"ဘာလို့ မလုပ်ရမှာလဲ။"
"သားငယ်"
"နေပါစေ ဦးလေး....ကျွန်တော့်သူငယ်ချင်းအိမ်မှာပဲသွားနေပါရစေ။အဲ့ကနေမှ အချိန်ပိုင်းလုပ်ပြီး ကျောင်းလဲဆက်တက်ပါ့မယ်။ဦးလေး ကူညီတာ ကျေးဇူးတင်ပါတယ်"
"မဟုတ်တာကွာ...ဂျွန်ဂျောင်ကုကို စိတ်ထဲထားမနေပါနဲ့သားရယ်"
"ဆန်မရှိ စောက်စားကြီးနေတာ"
ဂျောင်ကုက ထယ်ယောင်းတို့နားမှာ ဖိနပ်ထုတ်စီးပြီး ရွဲ့ပြောနေသည်။ထယ်ယောင်းဒင်းကြောင့် ငြင်းရတာဖြစ်သည်။တကယ်က သူငယ်ချင်းအိမ်တွင်နေရန်လည်း မဖြစ်နိုင်။ဂျီမင်းမှာက ညီမလေးတစ်ယောက်ရှိပြီး အိမ်ကလည်း ကျဉ်းသည်။အဆင်ပြေမည်မထင်။အဆောင်မှာ နေဖို့ကျလည်း ချက်ချင်းကြီး နေနိုင်မည်မထင်။အိမ်မှာ သူဌေးသားလေးလို နေလာသူမို့ ထယ်ယောင်း တော်တော်တော့ ကိုယ့်စိတ်ကိုလည်း သေချာပြင်ဆင်ရပါဦးမည်။
"နေဝာာက နေလို့ရတယ်။ဒါပေမယ့် အလကားတော့မရဘူး။ကျုပ် ဝေရာဝစ္စလုပ်ပေးမယ်ဆိုရင်နေလို့ရတယ်"