"မေမေ...မေမေ"
ခြံထဲကနေ လှမ်းအော်ခေါ်နေသော သားတော်မောင်ကြောင့် ကင်မ်ဂျီယွန်းလုပ်လတ်စအလုပ်တွေချပြီး ထွက်လာရသည်။ဒီကလေးဟာ မိုးလင်းတာနဲ့ စတင်ဆူညံနေတော့တာပင်။
"ဘာဖြစ်တာလဲ ထယ်ယောင်းရယ်။မေမေ ကျောက်တွေ ကြည့်နေတယ်လေကွယ်။အတင်းကို ခေါ်နေတော့တာပဲ"
ဂျီယွန်း၏ သားလေးသည် အသက် 20နှစ်ပင်ရောက်နေပြီဖြစ်ပြီး တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေချေပြီ။ သပ်ရပ်သော အဝတ်အစားလေးနဲ့ ချစ်စရာကောင်းကာ ချောမောလှသော သား၏ မျက်နှာလေးဟာအခုတော့ စူပုတ်လျှက်။
"မေမေ့...သားစက်ဘီးကို ဘယ်သူ ခြေနင်းပြားဖြုတ်သွားတာလဲ ဗျာ။မနေ့ညနေကတောင် အကောင်းကြီးကို အခုမနက်မှ ပြုတ်နေတယ်"
ခြေနင်းပြားတင်မရှိတာမဟုတ် ခြေတင်ရန်နေရာပင် မရှိတော့သည့် စက်ဘီးလေးကို ကြည့်ပြီး ဂျီယွန်းလဲ ဆွံအမိသည်။
"မေမေလဲ မသိဘူးသား။"
"ဒါနဲ့ အိမ်ကို မနက်က ဘယ်သူလာသေးလဲမေမေ"
ဂျီယွန်းမှတ်မိသလောက် ဘယ်သူမှ မလာပါ။သို့သော်။
"မနက်ကတော့မဟုတ်ဘူး။ ညက သားစာကျက်နေတုန်းက ဂျောင်ကုလေးတော့ ရောက်လာတယ်။"
"အား.....သေချာပြီ ဒီကောင်ပဲ။ဂျွန်ဂျောင်ကု မင်းသေပြီသာမှတ်"
ထယ်ယောင်းသည် ကျောပိုးအိတ်ကို ပစ်ချကာ တဖက်ခြံသို့ ကူးသွားလေသည်။ဂျီယွန်းလဲ ဖြစ်နေကြ မြင်နေကြမြင်ကွင်းမို့ သက်ပြင်းချကာ အိမ်ထဲပဲပြန်ဝင်ခဲ့တော့သည်။
______
"ဘုတ်"
Harley Davidson ဆိုင်ကယ် ပေါ်တက်ရန် ပြင်နေသည့် အချိန် ဂုတ်ကိုဆွဲကာ လှဲချခံလိုက်ရတာကြောင့် ဒေါသထွက်သွားသည်။ဒီ ကင်မ်ထယ်ယောင်း...
"မင်း...ငါ့ကို ဘယ်အချိန်ထိစိတ်ဒုက္ခပေးနေမှာလဲ ဟမ်။ဟိုးငယ်ငယ်လေးထဲက ငါ့ကို လိုက်နှောက်ယှက်နေတာတွေ ဘယ်တော့မှ ရပ်မှာလဲ"
မြက်ခင်းပြင် ပေါ်တွင် ဂျောင်ကု၏ အပေါ်ကို တက်ခွပြီး လည်ပင်းမှ အင်္ကျီစတို့ကို စုကိုင်ထားကာ ဒေါသတကြီး ပြောဆိုနေပါသော ထယ်ယောင်း။