"သား ...ထယ်ယောင်း သတိရပြီလား....ဆရာဝန်က သားအားနည်း နေတယ်လို့ ပြောတယ်။အလုပ်တွေ လုပ်တာလည ဂရုစိုက်ဦး။ညဘက်ထိ ညဉ့်မနက်စေနဲ့ ။ဒါနဲ့ ဦးလေးကိုပြောပြ... ဒီကောင် သားကို ဘာလုပ်လိုက်တာလဲ"
ဦးလေးဂျွန်နှင့် အဒေါ်ကြီးမီဂျယ်က ထယ်ယောင်းအနားတွင် မတ်တပ်ရပ်နေကြပြီး စိတ်ပူနေကြ သည်။သူတို့အနောက်တွင် ခပ်တည်တည် လက်ပိုက်ရပ်နေသော ဂျောင်ကု ။
"ကျွန်မအပြင်ကနေ ကြားလိုက်တာတော့ ဝါးရင်းတုတ်ကြီးဆိုပြီး ထယ်ယောင်းလေးက အော်လိုက်တာကို ကြားလိုက်ရတယ်။ပြီးတော့မှ သားဂျောင်ကုက ကျွန်မတို့ကို လှမ်းခေါ်လို့ ဝင်လာကြည့်တော့ ထယ်ယောင်းက သတိလစ်နေတော့တာပဲ "
"ဝောာက်! မင်းကလေးကို ဝါးရင်းတုတ်နဲ့ ရိုက်လိုက်တာလား"
ထယ်ယောင်း မျက်နှာဘယ်နားထားရမှန်းတောင်မသိ ။ဂျွန်ဂျောင်ကု အစုတ်ပလုတ်ကိုလည်း မကြည့်ရဲပါ ။သူ့ဟာကို လန့်တာထက် ထယ်ယောင်းလည်း အိပ်ယာနိုးနိုးချင်း မူးနေတာကြောင့် ပိုဆိုးသွားတာဖြစ်မည်။
မသိဘူး.... လူကသာ အသားဖြူတာ အဲဟာကြီးကျ အမွှေးတွေမရှိဘဲ ဆင်းလုံးချောနေပြီး ညိုဝင်းမှဲ့နေတာကြီး။ကြောက်စရာကောင်းလိုက်တာ လူကဖြင့် ၁၈နှစ်ကျော်ရုံလေးကို လေ။
လူကမူကြို ပစ္စည်းက တက္ကသိုလ်ဆိုတာ ဒင်းကိုပြောတာ ဖြစ်မည်။
ဒီကြားထဲ ဦးလေးဂျွန်ကလဲ မရမကမေးနေသေးသည်။
"အဟင်း ... ! ပြရုံပြလိုက်တာ...ဖေဖေ့ဟာလေးကို ရိုက်ကို မရိုက်ရသေးတာ"
"ဘာကွ။ရိုက်ဖို့ စဉ်းစားသေးတယ်ပေါ့လေ"
"ဟာဗျာ...ဖေဖေ ဘာမှ မသိဘဲနဲ့ မပြောပါနဲ့။ကျွန်တော့်ဘာသာ တဘက်ကျွတ်"
"ဦးလေးဂျွန်....ကျွန်တော်သက်သာပြီရယ်။အလုပ်သွားတော့မယ်နော်"
ထယ်ယောင်းလှစ်ခနဲ အခန်းထဲကနေ ပြေးထွက်လာခဲ့သည်။သူဆက်ပြောမယ့် စကားတွေကို ထယ်ယောင်းသိတယ်။လူယုတ်မာလေး မင်းကို မုန်းလိုက်တာ....
___________
ဒီနေ့တော့ ထယ်ယောင်းကို ဆိုင်က စီနီယာအစ်မတွေက ဆံပင်ဆေးဆိုးနည်းပါ သင်ပေးကြသည်။ထယ်ယောင်းလည်း စိတ်ဝင်စားသဖြင့် သေချာလေ့လာနေဖြစ်သည်။မနေ့ကဆို ဆံပင်ညှပ်နည်း သင်ခဲ့ရ၏။