"အစ်ကိုမင်...သူကအဲလိုပဲ စနေကြ... ဒါ...ကျွန်တော့် ညီလေးလေ"
ဂျောင်ကုနင်သွားသည်... ကိုကိုခေါ်မိတာ မှားပြီလား။ရှိသမျှ အရှက်သိက္ခာများအား အကုန်စွန့်ပြီး ခေါ်ခဲ့ရတာကိုလေ။
"ဒါဆိုလဲ တွေ့ရတာဝမ်းသာပါတယ် ချာတိတ် ။ အစ်ကိုက မင်ဆယ်ဂျွန်းပါ။"
လူကြီးလူကောင်းဆန်ဆန် အစ်ကိုမင်က လက်ဆွဲနှုတ်ဆက်ရန်လက်ရှေ့တိုးသော်လည်း ဂျောင်ကုက ဂရုမစိုက်။ထယ်ယောင်းကိုသာ စိုက်ကြည့်နေ၏။
စောက်ရမ်းမိုက်တဲ့ ဘဲကြီးဖြစ်လို သော်လည်း ဒီနေ့မှ ဟူဒီ အဝါ အပွ၊ဘောင်းဘီ အနက် အပွကြီးဖြင့် ပုံ့ပုံ့ကြီးဖြစ်နေသည့် အဖြစ်။
မင်ဆယ်ဂျွန်းဆိုတဲ့ကောင်က အဖြူရောင်Brand ရှပ်တထည်ကို အဖြူရောင် စတိုင်ပင်ဖြင့် တွဲဝတ်ထားပြီး ကားကလည်း အဖြူရောင် အကောင်းစားနှင့် ဖြစ်သည်။မသိရင်သောက်ရမ်း ဖြူစင်တဲ့ ပုဂ္ဂိုလ်ကြီးပေါ့လေ။
ဘာလား! ကင်မ်ထယ်ယောင်းက အဲတာကို အထင်ကြီး နေတာလား။ဒီဂျွန်ဂျောင်ကုမှာလဲ ကားတွေ အများကြီးရှိပါတယ်ကွာ....။
"အဟင်း..ရပါတယ် ကလေးပဲလေ။လာလေ ထယ်ထယ် သွားရအောင်"
ထယ်ယောင်းရဲ့ ပုခုံးကနေ ဆွဲယူသွင်းနေတဲ့ မင်ဆယ်ဂျွန်းရဲ့ လက်ကောက်ဝတ်ကို ဖမ်းထားလိုက်သည့်ဂျောင်ကု။
"ဂျောင်ကု ဒါဘာလုပ်တာလဲ"
ထယ်ယောင်း အားနာမိစွာ ဂျောင်ကုကို တားမိတော့သည်။နှောက်ယှက်တာ တော်ရုံပဲကောင်းပါတယ်လေ။
"ကျုပ်က ကလေးမဟုတ်ဘူးဆိုတာ သက်သေပြမယ် "
ဂျောင်ကုသည် ထယ်ယောင်း၏ ခါးကို ရုတ်တရက် သူ့ဘက်ဆွဲသွင်းကာ လည်ပင်းတဝိုက် လျှာဖြင့် ယက်လိုက်၏ ။ လက်တဖက်ကလည်း ထယ်ယောင်းတင်ပါးကို ဆုတ်နယ်ကာ ညှစ်လိုက်၏။
ထယ်ယောင်း အငိုက်မိသွားပြီး သူ့လက်ထဲ လုံးလုံးရောက်သွားရပြီး ထိုသို့ပြုမူချိန်ခဏ ကြက်သီး ထသွားသည် အထိ ခံစားလိုက်ရသော်လည်း အစ်ကိုမင်၏ ကြောင်အနေသည့် မျက်နှာကို အမြင် ထယ်ယောင်း အရမ်းရှက်ပြီး ဂျောင်ကုကို စိတ်တိုသွားသည်။Hair Saloonထဲ ကလူတချို့ကလည်း ကွက်ကြည့်ကွက်ကြည့်ဖြင့်။