4

6.1K 684 75
                                    

"ဒါဆို မင်းက ဂျောင်ကုတို့ အိမ်မှာပဲ နေနေရတာပေါ့"

"အင်း...ဦးလေးဂျွန်ကလည်း ခေါ်ထားဝာာနဲ့ ငါလည်း တခြားလဲ နေစရာမရှိတော့ နေလိုက်ရတယ်"

"မင်းအမေဒီလောက်ချမ်းသာတာကို အမွေတွေမထားခဲ့ဘူးလား"

ဂျီမင်းထံမှ မေးခွန်းကိုဖြေရန် အဖြေမရှိ။မေမေမဆုံးခင်က ထယ်ယောင်းနှင့် သားအမိနှစ်ယောက် နောက်ဆုံးပြောမိခဲ့သည့် အကြောင်းအရာများအရ မေမေ့ရဲ့ လုပ်ငန်းက လွန်ခဲ့တဲ့ ၁နှစ်လောက်ထဲက အရှုံးပေါ်နေပြီး အကြွေးတင်နေခဲ့တာဖြစ်သည်။မေမေ့ရဲ့ လူယုံဖြစ်သူက စိန်အတုတွေဖြင့် ရောင်းဝယ်ရေးလုပ်ခဲ့သဖြင့် တရားရင်ဆိုင်နေရတာဖြစ်သည်။ထယ်ယောင်း အဲတာတွေ တစ်ခုပဲမသိဘဲ မေမေ့ထံမှ အချိန်တန်လက်ဖြန့်ငွေတောင်းနေခဲ့ဝာာဖြစ်သည်။

ထိုနေ့က မေမေက သူ့ Company ကိုရောင်းချပြီး ရှိသမျှငွေ လျော်ကြေးပေးကာ အကြွေးဆပ်ခဲ့တာဖြစ်ပြီး မေမေနှင့်သူ့ဘဝ တစ်က ပြန်စရန် တိုင်ပင်နေခဲ့ကြဝာာဖြစ်သည်။လက်ရှိနေနေသည့် အိမ်ကိုရောင်းချကာ မွေးရပ်မြေဒယ်ဂူသို့ပြန်ပြီး ရရာ အလုပ်လုပ်စားကြရန် မေမေက ပြောလာခဲ့သည်။

ထယ်ယောင်းက ဆိုလ်းတွင် ပညာသင်ယူလိုသောကြောင့် မေမေပြောသည်ကို လက်မခံချင်ခဲ့။အိမ်ကိုလည်း မရောင်းချချင်ခဲ့ပါ။ဘေးအိမ်က ကောင်လေးနှင့် မတည့်သော်လည်း ဒီပတ်ဝန်းကျင်မှာနေပျော်နေပြီဖြစ်သည်။မေမေနှင့် ‌နောက်မှ စကားသေချာပြောရန် ထယ်ယောင်း အပေါ်တက်လာပြီးရေချိုးနေသည့် အချိန် အောက်ထပ်မှာ မေမေက အသတ်ခံခဲ့ရတာဖြစ်၏။

မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြောင့် ကိုယ့်ကိုယ်ကိုလဲ အံ့ဩမိသည်။သူဌေးသားဘဝကနေ နေ့ချင်းညချင်း ဆင်းရဲသွားရသည့်အဖြစ်။

"မထားခဲ့တဲ့အပြင် လုပ်ငန်းနဲ့ ပတ်သက်တဲ့ အကြွေးတွေတောင် ကျန်နေခဲ့တယ် ။ မနေ့က ငါ့ဆီကို စာရောက်လာတယ်။ ဝမ်၁သန်း တောင်မေမေက လျော်ပေးဖို့ကျန်နေဝာာတဲ့ကွာ"

ဂျီမင်းက ထယ်ယောင်း ပုခုံးကို ပုတ်ရင်း စိတ်မကောင်းနေသည့်ဟန်ဖြင့်။

Plan BWhere stories live. Discover now