"ကဲကောင်လေး ကိုယ်တို့စာစသင်ကြရအောင်"
"ဟုတ်ကဲ့ကိုကိုကြီး"
"ဒါနဲ့လေအခုဒီမှာအဖွားဒေါ်စိန်လှရှိလားဟင်ကျနော်ကြောက်လို့"
"မင်းကတော့လေအကုန်ကိုကြောက်နေတော့တာပဲ။စိတ်ချလက်ချသာနေငါ့အဖွားကအလှူလုပ်တဲ့ေန့မှပြန်လာမှာအခုေတာ့တစ်ဖက်ရွာကအမျိုးအိမ်မှာေရာက်နေလေရဲ့"
"အလှူလုပ်မယ့်နေ့မှပြန်လာမှာဆိုတော့၂လတောင်လိုသေးတာပဲ"
"ကိုကိုကြီးအဲ့ဒါဆို ညိုကဒီ၂လလုံးနေ့တိုင်းစာလာသင်ရမှာေပါ့နော်"
"ဟုတ်တယ်လေ ဘာလဲကလေးငယ်ကစာမသင်ချင်လို့လား""အာ......မဟုတ်ပါဘူးကိုကိုကြီးရာ ကျနော်က၂လတောင်ကိုကိုကြီးနဲ့ေန့တိုင်းတွေ့ရမှာဆိုတော့ပျော်လို့ပါဗျ"
"အမယ်မင်းကကိုယ့်ကိုကြောက်နေတာမဟုတ်ဘူးလား"
"အဲ့လိုလဲမဟုတ်ပါဘူး အစကတော့ေကြာက်တာေပါ့အခုတော့ကိုကိုကြီးကလူေကာင်းမှန်းသိလို့သိပ်မကြောက်တော့ဘူးဗျ"
"ပြီးတော့ကိုကိုကြီးက ရုပ်ရည်ကလဲလွှတ်ချောသဗျ"
ဇင်ဦးညိုပြောလည်းပြောချင်စရာပါလေ ဓိပ္ပလင်းမောင်ဆိုသည်ကမြို့ပြမှာကတည်းကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးမဟုတ်ပါလား။အသားကလဲဖြူ၊အရပ်ကလည်းမြင့်၊ခန္ဓာကိုယ်ကလည်းေတာင့်ေဖြာင့်၊မျက်ခုံးကောင်း"နှင့်မျက်ဝန်းတစ်စုံကထက်မြက်မှုကိုပြနေသယောင်၊ပိရိေသသပ်သောနှုတ်ခမ်းတစ်စုံကလည်းပြတ်သားမှုကိုဆောင်ကြည်းပေးနေသကဲ့သို့ဖြစ်သည်။
"သဘောလည်းကောင်းေသးတယ်ကျနော်ကိုစာလည်းသင်ပေးတယ်ပြီးတော့"
ဓိပ္ပတစ်ယောက်ဇင်ဦးညိုပြောနေသည်ကိုသဘောတကျထိုင်ကြည့်နေမိသည်။
"ပြီးတော့ဘာဖြစ်သေးလဲ ပြောပါအုံး"
"အာ.......ဘာမှမဟုတ်တော့ပါဘူး"
'ကျနော်ကိုကိုကြီးကိုခင်တွယ်မိသွားပြီမို့လို့'ဆိုတာကိုတော့ဇင်ဦးညိုတစ်ယောက်ဆက်မပြောဖြစ်တော့ချေ။
"ဟုတ်ပါပြီကွာ အခုတော့စာသင်ကြမယ်"
"ဟုတ်ကဲ့ကိုကိုကြီး"
"ဒီစာပိုဒ်လေးဖတ်ကြည့် မရတဲ့နေရာကြရင်ကိုယ်ပြောပြမယ်"
"ဟုတ်ကဲ့"
"ကိုကိုကြီး အပေါ်ကခေါင်းလုံး"ပါပြီးတော့အောက်ကတွန့်လိမ်"နဲ့စာလုံးကဘာကြီးလဲဟင်"
"ဟမ် ဘယ်ဟာတုန်းကလေးငယ်ကိုယ့်ကိုပြကြည့်"
"အော်......အဲ့ဒါက"ဋ"လို့ခေါ်တယ်ကွ"
"အဲ့လိုကို"
"အဲ့လိုမျိုးအတွန့်တေနဲ့ကိုပဲခေါင်းမှာအတက်ပါတဲ့ဟာကိုရောဘယ်လိုခေါ်လဲဟင်"
"စာအုပ်ပြလေကောင်လေးရဲ့"
"ဒါလေး"
"အဲ့တာကိုက"၌"လို့အသံထွက်ရတယ်"
"ဟုတ်ကဲ့"
နာရီဝက်ကြာပြီးနောက်...........
"ကိုယ်တို့အင်္ဂလိပ်စာပါသင်ကြရအောင်၊ကောင်လေးမသင်ဖူးသေးဘူးမလား။"
"ဟုတ်ကဲ့ကိုကိုကြီး"
"လာကိုယ့်ဘေးနားကိုတိုးလာခဲ့"
"ဟုတ် ဟုတ်ကဲ့"
"ဒီမှာကြည့် ဒါကို A လို့ခေါ်တယ်။ပြောကြည့်ပါအုံး။"
"အေ"
"ဟုတ်ပြီမှန်တယ်"
"ဒီနေ့အတွက်ကအက္ခရာ၅လုံးသင်လိုက်မယ်နော်။နောက်နေ့ကျရင်ကိုယ့်ကိုအလွတ်ပြန်ရေးပြရမယ်။"
"ဟုတ်ကဲ့ကိုကိုကြီး"
"အင်း.......လိမ္မာတယ်"ဓိပ္ပ၏လက်သည်ဇင်ဦးညို၏ေခါင်းလုံး"လေးကိုဖွ"ကလေးပုတ်လိုက်၏။ထို့ပြင်ညင်"သာ"ပြုံးပြနေသောမြို့အုပ်မင်း၏ပုံရိပ်ကိုဇင်ဦးညိုတစ်ယောက်ငေးကြည့်နေမိသည်။
ထို့ပြင်ဇင်ဦးညိုဆိုသည့်ကောင်ကလေးသည် မြို့အုပ်မင်းလေးဓိပ္ပ၏ပုံရိပ်များကိုတစ်ခုမကျန်လိုက်လံမှတ်သားနေလေတော့သည်။ဒီတစ်ပိုင်းကတော့တော်တော်လေးတိုသွားတဲ့ဗျ။နောက်လာမယ့်အပိုင်းတေကျမှပဲအဝဖတ်ကြတော့နော်။😚🤍
YOU ARE READING
မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(ongoing)
Romanceမြို့အုပ်မင်းဓိပ္ပလင်းမောင် seme သက်လွင် seme ဇင်ဦးညို uke